အဆိုတော်Rဇာနည်ဟာဆိုရင် ကလေးသုံးယောက်ရဲ့ဖခင်တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။Rဇာနည်က အနုပညာလောကထဲမှာ ဝါရင့်တေးသံရှင်တစ်ယောက်ဖြစ်လို့ သူ့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်နော်။ Rဇာနည်ရဲ့ချစ်ဇနီးချောလေး ဝမ်းကလည်း အမျိုးသားအပေါ်မှာ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသစွာနဲ့ နားလည်မှုအပြည့်ပေးပြီး လိုအပ်တာမှန်သမျှကို ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။Rဇာနည်ကတော့ သားနှစ်ယောက်၊သမီးတစ်ယောက်ထွန်းကားထားတာကြောင့် ပြီးပြည့်စုံတဲ့ဘဝကိုရရှိသွားပါပြီနော်။ကလေးတွေရဲ့နာမည်ကိုလည်း ဖစ်ဖစ်တုန်၊ချစ်ချစ်တုန်၊မစ်မစ်တုန် ဆိုပြီး ဆင်တူလေးတွေပေးထားတာဖြစ်ပါတယ်။ ဖစ်ဖစ်တို့မောင်နှမသုံးယောက်လုံးကလည်း ရုပ်ချင်းလေးတွေချွတ်စွပ်တူကြပြီး ချစ်မွေးအပြည့်ပါလို့ လူချစ်လူခင်ပေါများနေကြတဲ့ကလေးလေးတွေဖြစ်ပါတယ်။ပရိသတ်တွေကတော့ Rဇာနည်တို့ရဲ့မိသားစုဘဝလေးကို […]