မိသားစုတွေအတူမရှိဘဲ အဝေးမှာ တိမ်းရှောင်နေရတာ (၉)လကျော်ပြီဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ ကိုပေါက်ရဲ့ဇနီး

November 17, 2021 Tech News 0

ဒါရိုက်တာ ကိုပေါက်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်များနဲ့လည်း တစ်ကွဲတစ်ပြား နေထိုင်နေရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ တောထဲရောက်နေတာကြောင့် ပင်ပန်းခက်ခဲမှုတွေရှိပေမယ့်လည်း […]

စစ်ကောင်စီက ထိန်းသိမ်းဖမ်းဆီးခြင်းကိုခံခဲ့ရပေမယ့် နေအိမ်ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ မော်ဒယ်သန္တာလှိုင်

November 16, 2021 Tech News 0

နိုဝင်ဘာ(၁၄)ရက်နေ့က မော်ဒယ် သန္တာလှိုင်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ သူမ ဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကို ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီလက စတင်၍ တရားစွဲဆိုခံထားခဲ့ရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ သူမမိသားစုဝင်များနှင့်အတူ ဘန်ကောက်မြို့သို့သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာမည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA […]

မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူသန်းချီသွားခဲ့တဲ့ မင်းမော်ကွန်းရဲ့ သီချင်းလေးတစ်ပုဒ်

November 16, 2021 Tech News 0

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ရပ်တည်ခဲ့တာကြောင့် အရေးတော်ပုံမှာလည်း ပြည်သူတွေနဲ့အတူ ပြန်လည်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီး အခု လတ်တလောမှာတော့ တိမ်းရှောင်နေ ရတာပဲ […]

အသံတုပညာရှင် ဦးရဲဆွေကို ကူညီပေးခဲ့တဲ့ လူရွှင်တော် မိုးစက်

November 16, 2021 Tech News 0

လူရွှင်တော်မိုးစက်ဟာ ဆရာဦးသျှန်ထွဏ်းဆီမှာ အသံသွင်းပြန်လာရင်းနဲ့ တောင်ဒဂုံ ကွေ့မမှတ်တိုင်နားမှာ ကလေးကစားစရာရောင်းနေတဲ့အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဘတစ်ယောက်ကို တွေ့တာနဲ့ သူလှူဖို့သွားခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ သူတွေ့လိုက်ရတဲ့ ဘဘဟာ အနုပညာသမား တစ်ယောက်ဖြစ်ပြီး အသံတုပညာရှင် ဦးရဲဆွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။အသံတုပညာရှင် ဦးရဲဆွေဟာ သူ့ကိုလုံးဝ မသိသလို […]

Soft pen တစ်ချောင်းတည်းနဲ့ ငွေကျပ်သိန်းပေါင်းများလှူဒါန်းနိုင်တယ်ဆိုတဲ့ အကြောင်း ပြလိုက်တဲ့အဆိုတော်ကျားပေါက်

November 15, 2021 Tech News 0

အဆိုတော်ဟန်ထူးလွင်ခေါ်ကျားပေါက်ဟာ အနုပညာစွမ်းရည်ပါရမီပြည့်ဝလွန်းတဲ့ သူတစ်ယောက်ပါ။ကိုကျားပေါက်ဖန်တီးထားတဲ့စစ်မှန်တဲ့ အနုပညာလက်ရာဟာလည်း တန်ဖိုးကြီးပစ္စည်းများနဲ့ ဖန်တီးထားတာမျိုး မဟုတ်ဘဲ Soft Pen လေးတွေနဲ့သာ ဖန်တီးထားတာဖြစ်ပါတယ်။စစ်မှန်တဲ့အနုပညာလက်ရာမျိုးဖြစ်တာကြောင့်Soft Pen တစ်ချောင်းတည်းနဲ့ဖန်တီးထားစေကာမူ ဈေးနှုန်းတန်ဖိုးက အဖိုးထိုက်တန်လှပါတယ်။ အခုဆိုရင်ကိုကျားပေါက်ရဲ့Soft Pen လေးတွေနဲ့ ဖန်တီးထားတဲ့Doodle Art လက်ရာလေးတွေဟာဆိုရင်ကမ္ဘာကျော်တဲ့အထိကို ဖြစ်နေပါပြီ။ငွေကျပ်သိန်းပေါင်းများစွာ ဖန်တီးလှူဒါန်းနိုင်တဲ့Doodle Art လက်ရာလေးတွေကိုSoft […]

အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ မြနှင်းရည်လွင်ကို ကျောက်ပန်းချီလေးရေးဆွဲပေးခဲ့တဲ့ ပရိသတ်တစ်ဦး

November 15, 2021 Tech News 0

မြနှင်းရည်လွင်က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ မြနှင်းရည်လွင်ကတော့ ရောက်ရာနေရာကနေတော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ မြနှင်းရည်လွင်က […]

အိမ်ခြေ ၁၅၀ စာအတွက် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးခဲ့တဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ

November 15, 2021 Tech News 0

အားလုံးချစ်ခင်လေးစားကြတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေက ဒီတစ်ခေါက်မှာလည်း ဆင်းရဲနွမ်းပါးပြီး အခက်အခဲ ဖြစ်နေတဲ့ အိမ်ခြေ ၁၅၀ စာအတွက် မွန်မြတ်တဲ့ အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အိမ်ခြေ ၁၅၀ စာအတွက် တစ်အိမ်ထောင်လျှင် အလှူငွေ ၅ ထောင်ကျပ်၊အခြေ ခံစားသောက်ကုန်ဖြစ်တဲ့ ဆန် ၊ကော်ဖီမစ်၊အားဖြည့် အချိုရည်များကို လှူဒါန်းပေးခဲ့တယ်လို့ သိရှိရပါတယ်။ခိုင်နှင်းဝေရဲ့ […]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ မော်ဒယ် သန္တာလှိုင်

November 15, 2021 Tech News 0

ယမန်နေ့ နိုဝင်ဘာ(၁၄)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပရိတ်သတ်အချစ်တော် မော်ဒယ် သန္တာလှိုင်ကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့တယ်လို့ ကြားသိရပါတယ်။သူမ ဟာ ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုအချို့ကိုဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ သူမရဲ့မိသားစုဝင်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာမည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နှင့်လိုက်ပါစီးနင်းရန် […]

ပညာရေးရန်ပုံငွေမှာဖျော်ဖြေရန် ပါရှိခဲ့သော်လည်း အခက်အခဲများကြောင့် မပါဝင်နိုင်ခဲ့လို့ ပရိတ်သတ်ကို တောင်းပန်စကားဆိုလာခဲ့တဲ့ မင်းမော်ကွန်း

November 15, 2021 Tech News 0

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များ ၊ သဘာဝဆန်လွန်းတဲ့ အနုပညာ နဲ့ နုပျိုလွန်းတဲ့ ရုပ်ရည်အသွင်အပြင် ကြောင့် ပရိတ်သတ်ရင်ထဲ ယနေ့တိုင် နေရာယူထားတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးလို့ဆိုလာရင်တော့ ပြည်သူ့မင်းသား မင်းမော်ကွန်းလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်ခြင်းနဲ့ပတ်သက်၍ ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ လွတ်မြောက်နယ်မြေအထိ သွားရောက်နေထိုင်နေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။သူဟာ နိုင်ငံရေးဆိုင်ရာ […]

India နိင်ငံ မီဇိုရမ်ပြည်နယ်ရှိ Zonet နဲ့ MDM တို့က ပေးအပ်ချီမြှင့်တဲ့ 2021 Best Male Artist Award ဆုကို ရရှိခဲ့တဲ့ Benjamin Sum

November 14, 2021 Tech News 0

Myanmar Idol season (4)ရဲ့ Top(3) finalists တစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသားလေး အဆိုတော် Benjamin Sum ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးတဲ့အပြင် တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အရွယ်နဲ့မလိုက်အောင်လည်း ဂီတနယ်ပယ်မှာ ထူးချွန်နေတဲ့ Benjamin Sum […]