ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် “ကမ္ဘာမကြေဘူး” သီချင်းနဲ့ ဂုဏ်ပြု သီဆိုပေးခဲ့ကြတဲ့ လွတ်မြောက်နယ်မြေထဲက GZ လူငယ်တချို့

June 30, 2021 Tech News 0

ပြည်သူ့အာဏာသိမ်းယူပြီးနောက် အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် GZ လူငယ်အများစုဟာ နည်းမျိုးစုံဖြင့် ဆန္ဒပြလှုပ်ရှားနေကြတဲ့အပြင် ပြည်သူ့ကိုယ်စားပြု အစိုးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပူးပေါင်းပါဝင်ဖို့ စိတ်အားထက်သန်တဲ့ GZ လူငယ်တွေဟာ လွတ်မြောက်နယ်မြေဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်ပညာများကို ခက်ခက်ခဲခဲနဲ့ လေ့လာသင်ယူနေတာကိုလည်း တွေ့ရပါတယ်။ ဒီလို လွတ်မြောက်နယ်မြေဒေသတွေမှာ စစ်ပညာများကို သင်ယူနေကြတဲ့ […]

သူမရဲ့မွေးနေ့လေးကို စစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာဝန်မလေး

June 30, 2021 Tech News 0

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေအရ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတာကြောင့် ပရဟိတဆရာဝန်မလေးတစ်ဦးက သူတတ်တဲ့ပညာနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကုသမှုပေးနေတာလည်းတွေ့ရပါတယ်။ ၎င်းဆရာဝန်မလေးက စစ်ဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုပေးနေပြီး အခက်အခဲတွေကြားကနေ ရိက္ခာတွေလည်းတတ်နိုင်သ၍လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ၎င်းပရဟိတဆရာဝန်မလေးရဲ့ ၂၅နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ […]

မိဘမပါဘဲ တစ်ယောက်တည်းပြင်ဆင်ပြီး Q ဝင်ဖို့သွားနေတဲ့ (၆)နှစ်အရွယ် ကလေးလေး

June 30, 2021 Tech News 0

Covid – 19 ရောဂါဟာ နိုင်ငံအနှံ့အပြားဖြစ်ပွားနေပြီး လူအသက်ပေါင်းများစွာကို သေကြေပျက်စီးနေစေတာကြောင့် ဆိုးရွားလွန်းတဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ကြေညာထားတာပဲ ဖြစ်ပါတယ်..။မြန်မာနိုင်ငံအတွင်းမှာတော့ တတိယလှိုင်းအဖြစ် ဗီဇပြောင်းကိုဗစ်ရောဂါပြန့်ပွားမှုအပြင် ပြည်တွင်းရေးမငြိမ်သက်တာတွေကြောင့်လည်း ပြည်သူတွေဟာ အန္တရာယ်အခက်အခဲတွေကို အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေကြတာ ဖြစ်ပါတယ်..။ လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းပါးနေတာကြောင့် […]

သူခိုးတွေက ဆိုင်ကယ်နဲ့ဖုန်းကိုလုယူသွားရုံမက အမျိုးသမီးငယ်ကိုပါ ရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့ ကျိုင်းတုံမြို့က ထိတ်လန့်ကြေကွဲစရာဖြစ်ရပ်

June 30, 2021 Tech News 0

အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့အစစအရာရာယိုယွင်းပျက်စီးလာပြီး စီးပွားရေးကျဆင်းလာမှုတွေနဲ့အတူ ခိုးယူလုယက်ခံရမှုတွေလည်း ပိုမိုများပြားလာနေခဲ့ပါတယ်။ မြန်မာပြည်သူတွေကတော့ ရန်အမျိုးမျိုးကို ကြောက်ရွံ့နေရတဲ့အပြင် ကျီးလန့်စာ စားနေရတဲ့အဖြစ်ကို ရောက်ရှိနေခဲ့ပါတယ်။ ယနေ့ဇွန်လ(၃၀)ရက်နေ့မှာတော့ ကျိုင်းတုံမြို့က ပြည်သူတွေကို ထိတ်လန့်စိုးရိမ်သွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အကြောင်းကတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ (၁)ရပ်ကွက်မှာ ယနေ့မနက်(၈)နာရီကအိမ်ပိုင်ရှင်အမျိုးသမီးကို သူခိုးတွေက ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဖုန်းနဲ့ဆိုင်ကယ်ကို […]

အင်းစိန်အကျဉ်းထောင်ရှေ့ လာရောက်စောင့်ဆိုင်းရင်း ဖမ်းဆီးခံရသူတွေလွတ်မြောက်ဖို့ လက်အုပ်ချီပြီးဆုတောင်းနေရှာတဲ့ အမျိုးသမီးတစ်ဦး

June 30, 2021 Tech News 0

အာဏာရှင်ကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးပြုလုပ်ရင်း ဖမ်းဆီးထိန်သိမ်းခံလိုက်ရတဲ့ ပြည်သူတွေလည်းများစွာရှိသလို တိုင်းပြည်အတွက်အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်းရာနဲ့ချီရှိနေခဲ့ပါတယ်။AAPPရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ( ၁)ရက်နေ့မှစပြီးကတည်းက တစ်နိုင်ငံလုံးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း (၅၂၂၄) ဦးရှိကြောင်း သိရပါတယ်။ယနေ့ဇွန်လ(၃၀)ရက်နေ့မှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား (၂၀၀၀)ကျော်လွှတ်ပေးမည်ဟု သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အဆိုပါသတင်းတွေကြောင့် ဖမ်းဆီးထိန်သိမ်းခံရသူတွေရဲ့ မိသားစုဝင်တွေဟာ နိုင်ငံအနှံ့က အကျဉ်းထောင်တွေရှေ့မှာ […]

တောလမ်းကြမ်းတွေကို ခက်ခက်ခဲခဲဖြတ်သန်းရလို့ မောပန်းနေတာတောင် အပြုံးမပျက်ဘဲ ရယ်မောနေကြတဲ့ KPDF လူငယ်လေးတွေ

June 30, 2021 Tech News 0

အနိုင်မခံ အရှုံးမပေးလိုတဲ့စိတ်ရှိကြတဲ့ လူငယ်တွေကတော့ ပြည်သူတွေအသက်ဆုံးရှုံးနေရတာကို ကြည့်မနေနိုင်တော့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ရရာလက်နက်စွဲကိုင်ပြီး အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ လူငယ်တွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ပေးခဲ့ရတဲ့သူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူတို့က မပြီးဆုံးသေးတဲ့တိုက်ပွဲအတွက် လုံးဝအားမလျော့ဘဲ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ် ။ […]

မိုးထဲလေထဲ တောထဲမှာစစ်ရှောင်ရင်း စားစရာဆန်တောင်မရှိလို့ ဆင်းရဲဒုက္ခမျိုးစုံကိုရင်ဆိုင်ခံစားနေကြရတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

June 30, 2021 Tech News 0

တစ်စထက်တစ်စ ဆိုးရွားလာတဲ့ လက်ရှိအခြေနေတွေကြောင့် တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ရန်ကုန်အပါအဝင်အခြားမြို့နယ်တွေမှာလည်း အကြမ်းဖက်မှုတွေတိုးပွားလာတာ တွေ့ရပါတယ်..။ အခုလိုမိုးတွင်းအချိန်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ တိုင်းရင်းသားပြည်သူတွေမှာ စားဝတ်နေရေးအပြင် ကျန်းမာရေးနဲ့ အခြားအခက်အခဲတွေ များစွာ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။ တောထဲတောင်ထဲ မိုးမလုံလေမလုံနဲ့ စစ်ဘေးရှောင်ရင်း သေဆုံးကြရတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားရှိနေကြပြီး […]

အလှူရှင်မရှိလို့ စားဝတ်နေရေးဒုက္ခတွေအပြင် ခြင်နဲ့ မျှော့တွေအရမ်းပေါလို့ အခက်အခဲဖြစ်နေတဲ့ လယ်ကွင်းထဲက မိဘမဲ့ဂေဟာလေး

June 30, 2021 Tech News 0

လတ်တလောအခြေအနေတွေကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသလို ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာတွေမှာလည်း အလှူရှင်တွေ နည်းပါးနေတာ တွေ့ရပါတယ်..။ဆိုးရွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပြင် ကိုဗစ်ရောဂါတွေလည်း ပြန့်ပွားနေတာမို့ ပြည်သူတွေမှာ အစစအရာရာကြိုးစားရုန်းကန်နေကြရပြီး စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေကြရတဲ့ ဂေဟာတွေမှာလည်း အတော်လေးကို ခက်ခဲနေကြတာပါ..။ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် မန်းဘလမ်းဆိပ်ကမ်းကူးပြီး တုပ်တုပ်စီးသွားရတဲ့ […]

စစ်ဘေးရှောင်တွေအတွက် မိုးထဲ လေထဲမှာ ခက်ခက်ခဲခဲ သွားရောက် လှူဒါန်းခဲ့တဲ့ စေတနာ အလှူရှင်တွေ

June 30, 2021 Tech News 0

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေကြရတာဖြစ်ပါတယ်။ ဆိုးရွားလာတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ။ မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ရိက္ခာမလုံလောက်မှုတွေနဲ့ နေစရာ အဆင်မပြေမှုတွေကြောင့် စစ်ဘေးရှောင် တိုင်းရင်းသားတွေခမျာ နေ့စဉ်နဲ့အမျှ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောထဲက စစ်ဘေးရှောင် […]

အစ္စလာမ်ဘာသာဝင်ဖြစ်လို့ မှတ်ပုံတင်လုပ်တုန်းက ခက်ခဲခဲ့တာတောင် တိုင်းပြည်အတွက် သူ့အသက်ကိုပါစတေးသွားခဲ့တဲ့ ပဲခူးမြို့ကသူရဲကောင်းလေး

June 29, 2021 Tech News 0

မြန်မာ့နွေဦးတော်လှန်ရေးပွဲကြီးမှာတော့ ပြည်သူတွေက သူတို့ရဲ့အသက်၊သွေး၊ချွေးတွေကိုရင်းပြီး အာဏာရှင်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေထဲက သူရဲကောင်းတစ်ချို့ကလည်း တိုင်းပြည်နဲ့လူမျိုးရဲ့အနာဂတ်အတွက် ကြိုးပမ်းအားထုတ်ရင်းနဲ့ အသက်ပေးခဲ့ရပြီ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ပဲခူးမြို့မှာကျဆုံးခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့အကြောင်းကို ပြန်ပြောထားတာ ဖြစ်ပါတယ် ။ အဲ့ဒီသူရဲကောင်းရဲ့နာမည်ကတော့ ကိုသဲမောင်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ […]