မိခင်ကြီးကွယ်လွန်သွားတာကို နောက်ကျမှသိရတဲ့အပြင် နောက်ဆုံးခရီးကိုပါ လိုက်မပို့နိုင်တော့လို့ တောင်းပန်လာတဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်

July 8, 2021 Tech News 0

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဦးရည်မွန်ကတော့ ယနေ့မနက်ပိုင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ စာတစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဦးရည်မွန်က သူ့ရဲ့မိခင်ကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူကွယ်လွန်တဲ့အချိန် အနားမှာ အတူမရှိပေးနိုင်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ဖွင့်ဟလာခဲ့တာလည်း ဖြစ်ပါတယ် ။ အသက် (၈၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးရည်မွန်ရဲ့မိခင်ကြီးက […]

သာတယ် နာတယ်မရှိဘဲ ညီအစ်ကိုရင်းတွေလို စားသောက်နေကြတဲ့ ရှေ့တန်းထမင်းဝိုင်းလေးကို ဗီဒီယိုရိုက်ပြီး ပြသလာတဲ့ KNU ရဲဘော်တစ်ဦး

July 8, 2021 Tech News 0

လက်နက်ကိုင်တပ်ဖွဲ့များဟာ ရန်သူတွေကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် တောထဲတွင် ပင်ပန်းဆင်းရဲခံပြီး နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးတိုက်ပွဲများအတွက် တောထဲကို ရောက်ရှိနေကြတဲ့ Gen Z လူငယ်လေးတွေကိုလည်း စစ်သင်တန်းပေးနေကြတာကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့် မြင်တွေ့ရပါတယ် ။ သူတို့နယ်မြေမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ရှေ့တန်းစစ်မြေပြင်မှာ နေထိုင်ရတဲ့ပုံစံတွေကို အမြဲဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ […]

ဖလမ်းတိုက်ပွဲမှာ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူပြီး တော်လှန်ခဲ့ကြတဲ့ သူရဲကောင်း(၅)ဦးကို ဂုဏ်ပြုပေးခဲ့တဲ့ ချင်း(CNDF)

July 8, 2021 Tech News 0

ချင်းပြည်နယ်မှာ ဧပြီလနှောင်းပိုင်းလောက်ကနေ စတင်ပြီး ရရာလက်နက်ကိုဆွဲကိုင်ကာ တော်လှန်ခဲ့တဲ့ ချင်းပြည်သူ့ကာကွယ်ရေတပ်(CNDF)တွေနဲ့ အာဏာရှင်လူတစ်ရဲ့လက်အောက်ခံတပ်တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် နှစ်ဘက်အကျဆုံးတွေလည်းရှိခဲ့ပြီး ဒေသခံပြည်သူအများအပြားလည်း စစ်ဘေးရှောင်ခဲ့ရပါတယ်။ယခုနောက်ပိုင်းမှာတော့ ချင်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဇွန်လ(၂၉)ရက်နေ့မှာတော့ ချင်းပြည်နယ်ထဲက ဖလမ်းမြို့ရဲ့ နေရာတစ်နေရာမှာ အာဏာရှင်လက်အောက်ခံတပ်တွေနဲ့ ချင်း(CNDF)တပ်တွေအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ […]

ထောင်ထဲမှာ ဒုက္ခိတဖြစ်ပြီး ဆေးကုသဖို့ အရေးပေါ်လိုအပ်နေတဲ့ သားလေးအတွက် ပြည်သူတွေဆီ အသနားခံ တောင်းဆိုလာတဲ့ မောင်လျှံဖြိုးအောင်ရဲ့ မိဘများ

July 8, 2021 Tech News 0

ကိုလျှံဖြိုးအောင်က မတ်လ(၂၇)ရက်‌နေ့က ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ရင်း ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်က မျက်လုံးတစ်ဖက် ဆုံးရှုံး၊ ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်ကျိုးခဲ့တဲ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ဆေးကုသမှုတွေလိုအပ်နေဆဲဖြစ်ပါတယ်။ အခုလိုဆေးကုသမှုတွေအရေးပေါ်လိုအပ်နေပေမယ့် ကိုလျှံဖြိုးအောင်ကို အကျဉ်းချထားဆဲဖြစ်ပါတယ်။ အခုလိုဆေးကုသမှုတွေလိုအပ်နေတာကြောင့် ကိုလျှံဖြိုးအောင်ကိုဆေးကုသခွင့်ရရန်အတွက် မိဘဆွေမျိုးတွေနဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းတွေက အသနားခံစာရေးကာတောင်းဆိုလာကြပါတယ်။ ဒါ့အပြင် […]

အကြမ်းဖက်မှုတွေကြားက ကိုယ်ကျိုးစွန့်ပြီး စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့တဲ့ နှလုံးလှဆရာဝန်များ

July 8, 2021 Tech News 0

မြန်မာပြည်အတွင်း မတည်ငြိမ်သေးတဲ့အခြေအနေတွေကြောင့် အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူတွေမှာ အခက်အခဲတွေနဲ့ သောကရောက်နေကြတာ ဖြစ်ပါတယ်..။တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင်နေကြတွေမှာ တောထဲတောင်ထဲ ဆင်းရဲမှုများစွာနဲ့ ပင်ပန်းခက်ခဲနေကြရပြီး ပြည်သူတွေမှာ အချင်းချင်းဖေးမကူညီရင်း ဒီကာလဆိုးကြီးကို အားတင်းဖြတ်ကျော်နေကြရတာ ဖြစ်ပါတယ်..။ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေအပြင် အသုံးအဆောင်တွေ ပေးပို့လှူဒါန်းကြသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တတ်နိုင်သလောက် ပြုလုပ်ပေးနေကြတာ […]

မိသားစုထမင်းဝိုင်းလိုတော့ မဖွယ်ရာပေမယ့် ရှိတာလေးနဲ့သာ ရောင့်ရဲတင်းတိမ်ပြီး တစ်နေ့တာဘယ်လိုဖြတ်သန်းနေရလဲဆိုတာကို ပြသလာတဲ့ PDFတစ်ဦး

July 7, 2021 Tech News 0

ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ PDF လူငယ်လေးတွေကတော့ဘယ်လို အခက်အခဲ၊အတားအဆီးမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်နေတာပဲဖြစ်ပါတယ်။ပြည်သူတွေအားလုံး ဒီမိုကရေစီရရှိဖို့အတွက် တောတောင်ထဲမှာနေထိုင်ပြီး ကြမ်းတမ်းတဲ့ခရီးကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။PDF လူငယ်လေးတွေအတွက် ပြည်သူလူထုကလည်း စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ မရှိတဲ့ကြားက လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ PDF လူငယ်လေးတွေကတော့ တောထဲမှာ အနေအထိုင်အဆင်မပြေရတဲ့အပြင် အစားအသောက်ကလည်း ရှိတာကိုသာ ချက်ပြုတ်စားသောက်ရတာဖြစ်ပါတယ်။ဒါ့အပြင် တောထဲဖြစ်လို့ အင်းစက်၊ပိုးမွှားတွေပေါများတာကြောင့်တချို့လူငယ်တွေရဲ့ […]

အရေးပေါ်ရှေးဦးသူနာ ပြုစုနည်းဖြင့် ကလေးငယ်တစ်ဦးရဲ့ အသက်ကို အချိန်မီကယ်တင်ပေးနိုင်ခဲ့တဲ့ ကန်ပက်လက်မြို့က ကြက်ခြေနီအသင်း

July 7, 2021 Tech News 0

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ကတော့ ပြီးခဲ့တဲ့လပိုင်းလောက်က အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ဒဏ်ကိုခံစားနေရတဲ့ မြို့လေးဖြစ်ပါတယ်။ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ (၂၀၀၀)ကျော်လောက်ဟာ ခက်ခက်ခဲခဲ စစ်ဘေးရှောင်ခဲ့ရပါတယ်။ ယင်းစစ်ဘေးရှောင်တွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနဲ့ လိုအပ်နေတာတွေကို မြို့နေကြက်ခြေနီအသင်းတွေက အလှူရှင်တွေနဲ့ စုပေါင်းပြီး ကူညီထောက်ပံ့ပေးကြတာကို တွေ့မြင်ရပါတယ်။ ယနေ့မှာတော့ ကန်ပက်လက်မြို့နယ်က […]

ဆိုက်ကားကိုလှမ်းတားပြီး သူ့ဆီလာလှူပေးတဲ့သူကို ကျေးဇူးတင်လွန်းလို့ လက်အုပ်လေးချီကာ ထိုင်ကန်တော့နေတဲ့ ဆိုက်ကားဆရာအဘိုး

July 6, 2021 Tech News 0

အသက်အရွယ်ရနေပေမယ့်လည်း ဝမ်းရေးကြောင့် လမ်းပေါ်ထွက်ပြီး အလုပ်လုပ်နေရတဲ့ သက်ကြီးရွယ်အိုတွေကိုမြင်တိုင်း ပြည်သူတွေအနေနဲ့ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနေရမယ့် ဒီလိုအရွယ်မှာ စားဝတ်နေရေးအခက်အခဲအတွက် ကိုယ်တိုင်ဖြေရှင်းနေတဲ့ အဘိုးအဘွားတွေကို နေရာတိုင်းမှာ တွေ့နေရတာလည်း ဖြစ်ပါတယ် ။ ဒီလိုအဘိုးအဘွားတွေကို စေတနာရှင်ပြည်သူတွေကလည်း တွေ့တဲ့နေရာမှာ တွေ့သလို ကူညီထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း […]

မြန်မာနိုင်ငံအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

July 6, 2021 Tech News 0

အမှန်တရားဘက်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြတဲ့ နိုင်ငံတွေထဲ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေလည်း ထိပ်ဆုံးကပါဝင်ကြပါတယ်။ ကိုရီးယားရောက်မြန်မာပြည်သူတွေကလည်း အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို မကြာခဏဆင်နွှဲနေကြပါတယ်။ ကိုရီးယားသတင်းဌာနတွေကလည်း မြန်မာနိုင်ငံအ​ကြောင်းစိတ်ဝင်တစားရှိကြပြီး အာဏာရှင်တွေရဲ့ မတရားလုပ်ရပ်တွေ၊ဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်တဲ့ သတင်းအမှန်တွေကို မကြာခဏဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာတော့ ကိုရီးယားလူမျိုးတစ်ယောက်ဟာ မြန်မာနိုင်ငံအရေးအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေခဲ့ပါတယ်။ပြည်သူတွေကတော့ အခက်အခဲတွေ၊ပြဿနာတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်အတွက် အခုလိုဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးကို […]

ဖျားနာပြီးအသက်ရှူကြပ်လို့ ဆေးရုံသွားပြပေမယ့် လက်မခံတာ​ကြောင့် နေအိမ်ဆီပြန်လာခဲ့ရတဲ့ မင်္ဂလာဒုံမြို့နယ်က ပြည်သူတစ်ဦး

July 5, 2021 Tech News 0

မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေ တစ်ဟုန်ထိုးများပြားလာနေခဲ့ပါတယ်။ကလေးမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရမှုအဆိုးဆုံးဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ နေ့စဉ်ဆယ်ဂဏန်းကျော်မှာရှိနေကြောင်း ဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။ တစ်ခြားမြို့တွေမှာလည်း ကူးစက်ခံလူနာတွေနဲ့ ကိုဗစ်ကြောင့်သေဆုံးသွားတဲ့ပြည်သူတွေလည်းရှိနေပြီး ပြည်သူတွေကတော့ ကိုဗစ်ရောဂါကို မပေါ့ဆကြဖို့ အချင်းချင်းတိုက်တွန်းပြောဆိုနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေ နေရာအနှံ့မှာဖြစ်ပွားလာတာနဲ့အမျှ အောက်ဂျင်စီကျပြီး အသက်ရှုကြပ်လူနာတွေလည်း တစ်ဖြည်းဖြည်းများပြားလာနေပါတယ်။ ယခုမှာတော့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ပြည်သူတစ်ဦးဟာ ဖျားနာပြီးအသက်ရှူကြပ်လို့ […]