ထောင်ဒဏ်၃နှစ်လို့သတင်းတွေထွက်နေပေမယ့်ထောင်ဒဏ်၆နှစ်ချမှတ်ခံလိုက်ရတဲ့မဝင်းမင်းသန်း

December 31, 2021 Tech News 0

Beauty Blogger ဝင်းမင်းသန်းဟာဆိုရင်အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်တတ်တဲ့သူဖြစ်ပါတယ်။အမှန်တရားအတွက်ဆိုရင်ဘာကိုမှမကြောက်တဲ့ မဝင်းမင်းသန်းကို စစ်ကောင်စီဘက်မှ ဧပြီလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီကနေ့ ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့Glow Nation မဝင်းမင်းသန်းကို ထောင်ဒဏ်အမိန့်ချလိုက်ပြီပဲဖြစ်ပါတယ်။ ကနဦးသတင်းတွေအရGlow Nation မဝင်းမင်းသန်းကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်တကယ်တမ်းတော့ ထောင်ဒဏ်၆နှစ်တိတိ ချလိုက်တာဖြစ်ကြောင်း ရှေ့နေဖြစ်သူရဲ့အဆိုအရ သိရပါတယ်။မဝင်းမင်းသန်းကို ပုဒ်မ၅၀၅- က ဖြင့်ထောင်ဒဏ်၃နှစ် […]

လစဥ်ထောက်ပံ့ပေးနေတဲ့ မျက်မမြင် အဘ ဦးမောင်ကြိုင် ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ မိုးစက်

December 30, 2021 Tech News 0

အခုလိုခက်ခဲနေတဲ့ အချိန်ကာလအတွင်းမှာ လိုအပ်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးနေတဲ့အထဲမှာ လူရွှင်တော်မိုးစက်လဲ အပါအဝင်ပါပဲ။ အမှန်တကယ်လိုအပ်နေတဲ့နေရာကို မရောက်ရောက်အောင်သွားပြီးကူညီထောက်ပံပေးနေတာမို့ မိုးစက်ရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေကလည်း လေးစားချစ်ခင်နေတာပဲ ဖြစ်ပါတယ်။ သူအမြဲတမ်း လစဉ်ထောက်ပံ့မှုလုပ်ပေးနေတဲ့ အသက် (၇၁) နှစ်အရွယ်ရှိတဲ့ အဘ ဦးမောင်ကြိုင်က ဓားသွေးပြီး အသက်မွေးနေရတဲ့ မျက်မမြင်အဘိုးအို တစ်ယောက်ပဲ […]

တစ်မြို့လုံးနီးပါး ထွက်ပြေးနေရတဲ့ ထန်တလန်မြို့လေးက ဆိုးရွားတဲ့မီးလောင်ကျွမ်းမှုကို ထပ်မံခံစားရ

December 30, 2021 Tech News 0

ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးနေရတဲ့ ထန်တလန်မြို့လေးဟာ အသက်မဲ့ခဲ့ပြီး ခြောက်ခြားစရာမြို့လေး ဖြစ်သွားခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ နေအိမ်၊ မြို့ရွာကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ အသက်လုကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ စိတ်မကောင်းစရာ ကတော့ ပြည်သူတွေကျန်ရစ်ခဲ့တဲ့ နေအိမ်များအပြင် ခရစ်ယာန်ဘုရားကျောင်းများပါ မီးဘေးသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကလည်း မကြာခဏဖြစ်ပြီး လူနေအိမ်အများအပြား […]

တေးသံရှင်စောဖိုးခွား၊ပိုပိုနှင့်၊Beauty Blogger ဝင်းမင်းသန်းတို့ကိုလည်းအလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်စီချမှတ်

December 30, 2021 Tech News 0

ဒီကနေ့ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ အဖမ်းဆီး ခံထားရတဲ့အနုပညာရှင်တွေအားလုံးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာမော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကို အမိန့်ချပြီးတဲ့နောက်မှာ အခြားအထင်ကရအနုပညာရှင်တွေကိုလည်း အခုလိုမျိုး အမိန့်တွေတစ်ပုံစံတည်း ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းတုန်းက အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဦးလူမင်း၊ရဲတိုက်တို့ကို အမိန့်ချခဲ့ပြီး ညနေပိုင်းမှာတော့ သရုပ်ဆောင်ပြေတီဦး၊ အိနြ္ဒာကျော်ဇင် ၊ တေးသံရှင်စောဖိုးခွား၊ အဆိုတော်ပိုပိုနှင့်အလှဖန်တီးရှင်ဝင်းမင်းသန်းတို့ အားလုံးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်စီ အမိန့်တွေ ချခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီအနေနဲ့အခုလို […]

ပြေတီဦးနဲဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးလုံးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်စီချမှတ်ခံရ

December 30, 2021 Tech News 0

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံနှစ်ဦးကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အတူတကွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလို ပါဝင်လုပ်ဆောင်မှုတွေကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံရပြီး ဧပြီလပိုင်းလောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှာလည်း အင်းစိန်ထောင်အတွင်းမှာ ချုပ်နှောင်ခံထားရပြီး […]

ရုပ်ရှင်သရုပ်ဆောင် ၊ ဒါရိုက်တာလူမင်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

December 30, 2021 Tech News 0

မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဦးလူမင်းကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဦးလူမင်းဟာ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ လေးစားစရာ အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလကတည်းက အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဦးလူမင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လကတည်းက […]

ပြည်သူ့အချစ်တော် မင်းသား ရဲတိုက် ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်တိတိ ချမှတ်

December 30, 2021 Tech News 0

ပြည်သူနှင့်တသားတည်း ရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင် မင်းသား ရဲတိုက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အမှုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ကို ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ချမှတ် လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မင်းသား ရဲတိုက် ရင်ဆိုင်နေရသော အမှုများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ […]

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို ဒီဇင်ဘာ(၆)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းကြေငြာ

December 30, 2021 Tech News 0

ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ်မှာတည်ရှိတဲ့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဟာ ဆိုရင် (၂၀၂၂) ခုနှစ် ၊ ဇန်နဝါရီ (၆)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကြေငြာလာခဲ့ပါတယ်။ ဒီတက္ကသိုလ်မှာဆိုရင် ရေယာဥ်တည်ဆောက်မှုနှင့် နှီးနွယ်ဆက်စပ်နေတဲ့ အင်ဂျင်နီယာ ဘာသာရပ်များ ၊ စုစုပေါင်း မေဂျာကြီး (၈)ခု ကို အဓိကထားသင်ကြားပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ […]

ဂေဟာအသစ်ကြီးမှာ ကလေးတွေပျော်မြူးနေတာကို ကြည့်ပြီး ပီတိတွေဖြစ်နေတဲ့ ခိုင်နှင်းဝေ

December 30, 2021 Tech News 0

ပရဟိတ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့အကျိုးစီးပွားမပါပဲ ပရဟိတအသင်းကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေက ခိုင်နှင်းဝေရင်ခွင်ရိပ်မြိုင်ဂေဟာမှာ ကလေးပေါင်း အယောက် (၃၀) ကျော်ကို ပြုစုစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးလို့ တင်စားရလောက်အောင် ပရဟိတစိတ်ပြင်းထန်တဲ့ နိုင်ငံကျော် မင်းသမီးတစ်လက်ပဲ […]

ဦးတည်ချက်တူတဲ့သူအချင်းချင်း သွေးမကွဲစေဖို့ စကားလက်ဆောင်ပါးလိုက်တဲ့ အဆိုတော်မူးလား

December 30, 2021 Tech News 0

အဆိုတော်မူးလာဟာဆိုရင်စစ်မှန်တဲ့အရည်အချင်းနဲ့ ဂီတလောကထဲကို ရောက်ရှိလာတဲ့သူဖြစ်တာကြောင့် ပရိသတ် အခိုင်အမာရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လူငယ်အဆိုတော်တွေထဲမှာ ခံယူချက်မှန်ကန် ပြတ်သားတဲ့သူတွေထဲက တစ်ယောက်လည်း ဖြစ်တာကြောင့် ထိပ်ဆုံးက အားပေးသင့်တဲ့သူတွေထဲမှာ အဆိုတော် မူးလာက ရှေ့ဆုံးကဖြစ်ပါတယ် ။ အဆိုတော်မူးလာဟာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့သလို အခုအချိန်အထိလည်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။ အရာရာကို […]