သူမကို ဒလံအကြီးစားလို့ခေါ်နေကြတဲ့အပေါ်ပြန်လည်တုန့်ပြန်ပြောဆိုလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်





ပရိတ်သတ်ကြီးရေ.. ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ရုံတင်မကပဲ အဆိုပိုင်းမှာဆိုရင်လည်း အင်မတန်မှထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်နော်…။

ထွန်းအိန္ဒြာဗိုလ် ကတော့ ဒေါ်သက်သက်ခိုင် ရဲ့ ညီအစ်မ အရင်းတော်စပ် ပါတယ်နော်။ သူမဟာ NLD မဲစည်းရုံးရေးမှာလည်း တစ်ချိန်က လိုက်ပါစည်းရုံးခဲ့သူပါနော်။ဖေဖော်ဝါရီလ ကတည်းကနေ အခုချိန်ထိ သူမရဲ့အကောင့်များမှ ဘာတစ်ခု ရေးသားတင်ခဲ့ခြင်း မရှိခဲ့ပါနော်။

ပရိသတ်တွေကတော့ အဓမ္မဘက်ကနေ ရပ်တည်ခဲ့တဲ့ ဒလံလို့သာ သတ်မှတ်ခဲ့ကြတာပါနော်။ သူကိုယ်တိုင်လည်း အသက်ကြီးမှ သတ်မှတ်ခံရတဲ့ ဒီနာမည်အကြောင်းပြောပြလာခဲ့ပါတယ်။ထွန်းအိန္ဒြာဗိုလ်က ” ငယ်ငယ်က သမီးအကြီး မို့ ကျွန်မ နာမည် မီးကြီး ပါကျောင်းနေတော့ မိဘတွေ မှည့်ပေးတာ မိမိခိုင် တဲ့ခင်မင်တဲ့ သူငယ်ချင်းတွေက မိုင်ခိ မိုင်ခိ လို့ ခေါ်ကြတယ်

အနုပညာ အလုပ်လုပ် ဖို့ နာမည်ရွေးတော့ ထွန်းအိန္ဒြာဗို ပေါ့အခု အသက်ကြီး တော့တချို့က နာမည်ပေး ကြတယ်အကြီးစား ဒလံ တဲ့အော် ….. ဒလံ တောင် အကြီးစား ဆိုပဲ” ဟုဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ခဲ့တာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။