စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း





ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့ ရေဗက္ကာဝင်းကတော့ ဒီရက်ပိုင်းတွေမှာတောက်လျှောက် လှူဒါန်းမှုတွေမျိုးစုံပြုလုပ်ပေးနေတာကိုတွေ့မြင်ရပါတယ်။ခုလတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ လိုအပ်တာများ လှူဒါန်းကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်။

ဒီလိုကာလတွေမှာ ပြည်သူတွေဟာ အလုပ်အကိုင်များကို အလွယ်တကူမလုပ်ကိုင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုအဆင်မပြေမှုတွေကို အနုပညာရှင်တွေအပါအဝင် ပြည်သူအချင်းချင်းကပဲ တတ်နိုင်သလောက် ကူညီဖေးမရင်း အပြန်အလှန်ကူညီနေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင်တစ်ချို့နေရာတွေမှာဆိုရင်လည်း ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်လာကြတာကိုလည်းတွေ့မြင်ရပါတယ်။

ဒီနေ့မှာဆိုရင်လည်း ရေဗက္ကာဝင်းက ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာများကို လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့တကွ ” မြန်မာနှစ်သစ်ကူးအလှူအဖြစ် အနုပညာပိုးသဘက် Shingni Nbat ( မြစ်ကြီးနား ) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) Nestle Myanmar တို့နဲ့အတူ

အိမ်ထောင်စု ၁၀၀စာ အတွက် ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ပဲနီလေး ကြက်သွန်နီတစ်ပိသာကြက်သွန်ဖြူမှုန့်ဂျင်းမှုန့်ပဲကြာဇံ Maggi စွယ်စုံသုံးဟင်းခတ်မှုန့် တို့ကို လိုအပ်နေတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမှ ပြည်သူများအတွက် ပေးလှူခဲ့ပါတယ်ရှင် “ဆိုပြီးရေးသားဖော်ပြထား ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။