ဖက်ဒရယ် အင်္ကျီဆင်တူဝတ်လို့ အလုပ်ဖြုတ်တဲ့ မန်နေဂျာမကို လုပ်သားတွေကဆန္ဒပြန်ပြလို့ မန်နေဂျာမကို သဌေးက အလုပ်ဖြုတ်




19-4-2021 ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖက်လံဆောင်နယ်မြေရှိ မြန်မာလုပ်သား အများစုလုပ်ကိုင်နေသော အလုပ်ရုံတစ်ခုတွင် ဖက်ဒရယ်အာမီကို ထောက်ခံသောအားဖြင့် အင်္ကျီဆင်တူဝတ်ပြီး အလုပ်ဆင်းကြရာ အလုပ်ရုံ ထိုင်းလူမျိုး မန်နေဂျာအမျိုးသမီးက ဆင်တူဝတ်ရင် အလုပ်က ထွက်ဆိုပြီး ပြောရာ အားလုံး လုပ်ငန်းခွင်မှ ထွက်ပြီး စက်ရုံရှေ့မှာ မန်နေဂျာမအား ဆန္ဒပြန်ပြရာ အလုပ်ရုံပိုင်ရှင်ဂျပန်လူမျိုးသဌေး ရောက်လာပြီး ဖြစ်စဉ်အား

မေးမြန်းရာ အဖြစ်မှန် သိရပြီးနောက် မန်နေဂျာမကို အလုပ်ဖြုတ်ပစ်တယ် လို့ သိရပြီး မနက်ဖြန်ကြိုက်တဲ့အင်္ကျီဆင်တူဝတ်ခွင့် ရှိကြောင်း မိမိတို့အလုပ်ရုံမှာ မည်သည့် ကန့်သတ်ချုပ်ချယ်မှုမှမရှိကြောင်း ယခုလို တားမြစ်မှုကိုလည်း ပိုင်ရှင်အနေနဲ့ မသိရကြောင်း ပြန်လည်ပြောပြ ဖြေရှင်းပေးခဲ့တယ် လို့ ယင်းအလုပ်ရုံမှ ဆန္ဒပြခေါင်းဆောင်တစ်ဦးက AAC ကို သတင်းပို့လာပါတယ်….

ပုံ- လုပ်ငန်းခွင်မှ ထွက်ခွာပြီး အလုပ်ရုံရှေ့မှာပဲမန်နေဂျာကို ဆန္ဒပြန်ပြနေတဲ့ မြန်မာလုပ်သား 36 ဦး၊ထိုင်းရောက်မြန်မာတွေ စည်းလုံးညီညွှတ်ကြပါ။အမှန်တရားကို ရဲရဲဝံ့ဝံ့တောင်းဆိုကြပါ။အရေးတော်ပုံ အောင်ရမည်။

ရဲမင်း(စစ်အာဏာရှင်တော်လှန်ရေး)ခေတ္တလွတ်မြောက်နယ်မြေ….