အဆိုေတာ္ ဟန္ေနတာအပါအ၀င္ အေယာက္ (၂၀ ) အား ပုဒ္မ ၅၀၅ (က)ျဖင့္ ဧၿပီလ (၂၀) ရက္ေန႔မွာ ဖမ္းဝရမ္းထုတ္ျပန္

ပရိတ္သတ္ႀကီးေရ အခုလက္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ဒီရက္ပိုင္းအတြင္းမွာ အႏုပညာရွင္မ်ားစြာနဲ႔ လူပုဂၢဳလ္ေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးခံရျခင္း၊ဝရမ္းထုတ္ခံရျခင္းေတြကိုအဆက္မျပတ္ ျဖစ္ေပၚေနတာေၾကာင့္ ပရိတ္သတ္ေတြကလည္းမ်ားစြာ စိတ္မေကာင္းျဖစ္ေနၾကတာပဲျဖစ္ပါတယ္ေနာ္…။

အဆိုေတာ္ ဟန္ေနတာအပါအ၀င္ အမႈဖြင့္ခံထားရသူေတြအထဲမွာ ႏွင္းပြင့္ျဖဴ၊ ဟန္ေနတာ၊ ေအာင္ကိုၿငိမ္း ( J Fire) ၊ မင္းေအာင္ခိုင္ (ခ) ေအာင္ခိုင္ေဆြ၊ သူရသက္တင္၊ နီလာစိန္၊ သိန္းေဇာ္၊ ေ႐ႊရည္ဦး၊ ဇြဲလႈိင္မွီ၊ သက္ပိုင္၊ ဝင့္ဝါထြန္း၊ စိုင္းေလာင္လ်န္းပန္၊ မိုးတိမ္၊ ေအာင္ေက်ာ္မိုး၊ ဟန္စိုး၊ ဟိန္းရာဇာထြန္း၊ နီလာဝင္း၊ ကိုဂြၽန္၊ ခင္ေဇာ္နဲ႔ မိုဃ္းေသြး ပါဝင္ပါတယ္။

ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ထားေၾကာင္း ယေန႔ ထုတ္ျပန္ ေၾကညာသြားပါတယ္။ အဆိုေတာ္ ဟန္ေနတာကေတာ့ လက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔ထပ္တူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ ဒါ့အျပင္သူ႔ရဲ႕ အေကာင့္ကေနလည္း ျမန္မာႏိုင္ငံမွာေန႔စဥ္ျဖစ္ပ်က္သမွ်ေတြကို ကမာၻသိေအာင္ အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေပးခဲ့သလို အေရးႀကီးလိုက္နာသင့္တဲ့ သတင္းအခ်က္အလက္ေတြကိုလည္း ေဝမွ်ေပးခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

အဆိုေတာ္ ဟန္ေနတာေတာ့ ၿပီးခဲ့တဲ့လ ေဖေဖာ္ဝါရီ ၁ရက္ေန႔ကတည္းက ျပည္သူအားလုံး စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လမ္းေပၚထြက္လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး ျပည္သူေတြနဲ႔အတူ အားျဖည့္ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။ ဒီရက္ပိုင္းအတြင္းမွာလည္း နာမည္ႀကီး အႏုပညာရွင္ ေတြျဖစ္တဲ့ ေျပတီဦး ရဲတိုက္၊ပိုင္တံခြန္၊ ဇာဂနာ၊ ဝင္းမင္းသန္း အိျႏၵာေက်ာ္ဇင္ ဇင္ဝိုင္း အဆိုေတာ္ပိုပိုတို႔လည္း ဖမ္းဆီးထိန္း သိမ္းျခင္းကို ခံခဲ့ရကာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္း ကိုလည္း ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီပဲျဖစ္ပါတယ္။

တကယ့္နာမည္ေက်ာ္ အႏုပညာရွင္မ်ားစြာလည္း ဝရမ္းထုတ္ခံထားရတဲ့အတြက္ ထြက္ေျပးတိမ္းေရွာင္ေနရတာလည္း ျဖစ္ပါတယ္ေနာ္.။ ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရတဲ့ အႏုပညာရွင္ေတြရဲ႕ စာရင္းကို ေန႔စဥ္ထုတ္ျပန္လ်က္ရွိရာ ဒီကေန႔မွာေတာ့ ရအဆို‌ေတာ္ ဟန္ေနတာလည္း ပါဝင္လာ တာျဖစ္ပါတယ္။

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။

အဆိုတော် ဟန်နေတာအပါအဝင် အမှုဖွင့်ခံထားရသူတွေအထဲမှာ နှင်းပွင့်ဖြူ၊ ဟန်နေတာ၊ အောင်ကိုငြိမ်း ( J Fire) ၊ မင်းအောင်ခိုင် (ခ) အောင်ခိုင်ဆွေ၊ သူရသက်တင်၊ နီလာစိန်၊ သိန်းဇော်၊ ရွှေရည်ဦး၊ ဇွဲလှိုင်မှီ၊ သက်ပိုင်၊ ဝင့်ဝါထွန်း၊ စိုင်းလောင်လျန်းပန်၊ မိုးတိမ်၊ အောင်ကျော်မိုး၊ ဟန်စိုး၊ ဟိန်းရာဇာထွန်း၊ နီလာဝင်း၊ ကိုဂျွန်၊ ခင်ဇော်နဲ့ မိုဃ်းသွေး ပါဝင်ပါတယ်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။ အဆိုတော် ဟန်နေတာကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ဒါ့အပြင်သူ့ရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အဆိုတော် ဟန်နေတာတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။ ဒီရက်ပိုင်းအတွင်းမှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် ဇင်ဝိုင်း အဆိုတော်ပိုပိုတို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ ရုပ်ရှင်သရုပ်ဆောင် မျိုးသန္တာထွန်း ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီပဲဖြစ်ပါတယ်။

တကယ့်နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။ ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ ရအဆို‌တော် ဟန်နေတာလည်း ပါဝင်လာ တာဖြစ်ပါတယ်။