တောင်တန်းတွေကြားမှာရှိတဲ့ ချင်းပြည်နယ်က အေးချမ်းတဲ့ ချစ်စရာမြို့လေး ထန်တလန်အကြောင်း

ထန်တလန်လို့ပြောလိုက်ရင် အေးချမ်းတဲ့ ချင်းပြည်နယ်မှာ တည်ရှိတဲ့ အလွန်ချစ်စရာကောင်းတဲ့မြို့လေးဖြစ်ကြောင်း ပရိတ်သတ်များအားလုံးက သိကြပါတယ်။ထန်တလန်မြို့ရဲ့ အဓိပ္ပာယ်ကတော့ ထန်ဆိုတာက (ကျော်ကြားသော) ၊ တလန်ဆိုတာက ( တောင်) ၊ ထန်တလန် ဆိုတာက “ကျော်ကြားသောတောင်ပေါ်မြို့လေး” လို့ အဓိပ္ပါယ်ရပါတယ်။တောင်ပတ်လည်ဝိုင်းထားတဲ့ တောင်ကုန်း ပေါ်မှာတည်ထားတဲ့ ထန်တလန်မြို့ရဲ့ပုံဟာ စက်ဝိုင်းပုံသဏ္ဌာန်ရှိပါတယ်။

ထန်တလန်မြို့လေးဟာ ရာသီဥတုမျှတပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၄၉၆၂) မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။ထန်တလန်ကိုသွားလို့ရတဲ့လမ်းအနေနဲ့ဆိုရင် ဟားခါး မှသော်လည်းကောင်း ဖလမ်းမှသော်လည်းကောင်း လမ်း(၂)လမ်းဖြင့်သွားလို့ရတာဖြစ်ပါတယ်။ ထန်တလန်မြို့လေးရဲ့ အဝင်ဝမှာတော့ မြို့ရဲ့ ဆောင်ပုဒ်လေးဖြစ်တဲ့ “ Not rich, But happy ” ဆိုတဲ့ “မချမ်းသာသော်လည်း ပျော်ပါသည်” ဆိုတဲ့ဆောင်ပုဒ်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့ထဲမှာအရက်သေစာသောက်စားခွင့်မပြုတဲ့အတွက်ကြောင့် လာရောက်လည်ပတ်သူတွေအနေနဲ့ မြို့ရဲ့ စည်းကမ်းကိုအလေးအေနက်ထားတဲ့အနေနဲ့ မြို့ပြင် View Point မှာ စနစ်တကျပြုလုပ်ထားတဲ့ အုတ်ခုံတွေပေါ်မှာ သွားရောက်သောက်စားကြပါတယ်။

ထန်တလန်မြို့ဟာ အလွန်စည်းကမ်းရှိတဲ့အတွက် နေရာတိုင်းဟာ သန့်ရှင်းသပ်ရပ်ပြီး အမှိုက်တွေလဲမရှိဘူးလို့ဆိုပါတယ်။ တောင်ပေါ် view point ရှိတဲ့နေရာလေးမှာတော့ ထန်တလန်ရဲ့ နာမည်ကြီးChurch ကျောင်းအဝါလေးရှိတာဖြစ်ပြီး ထိုနေရာမှ ထန်တလန်တမြို့လုံးကိုလဲ အပေါ်စီးကနေကြည့်ရှုခံစားလို့ရပါတယ်။View Point ကတော့ မြို့ကို တစ်စုတစ်စည်းတည်းမြင်ရတဲ့အပြင် ဓာတ်ပုံရိုက်ဖို့အတွက် ဘယ်လို ရှုထောင့်ကနေရိုက်ရိုက် တကယ်ကို လှတဲ့မြို့ကလေးပဲဖြစ်ပါတယ်။ မြို့ထဲမှာလဲ အိမ်တွေကို ဆောက်လုပ်ရာမှာ ရောင်စုံလေးတွေဆောက်လုပ်ထားကြတဲ့ အပြင် ဘုရားကျောင်းများစွာလည်းရှိပါသေးတယ်။ပရိတ်သတ်ကြီးအနေနဲ့ လက်ရှိမှာ အလွန်နာမည်ကြီးနေတဲ့ ချင်းပြည်မြောက်ပိုင်းမှ ထန်တလန်မြို့လေးအကြောင်း သိရှိစေနိုင်ရန်ရည်ရွယ်ကာ ရေးသားဖော်ပြလိုက်ရပါတယ်။

ထန္တလန္လို႔ေျပာလိုက္ရင္ ေအးခ်မ္းတဲ့ ခ်င္းျပည္နယ္မွာ တည္ရွိတဲ့ အလြန္ခ်စ္စရာေကာင္းတဲ့ၿမိဳ႕ေလးျဖစ္ေၾကာင္း ပရိတ္သတ္မ်ားအားလုံးက သိၾကပါတယ္။ထန္တလန္ၿမိဳ႕ရဲ႕ အဓိပၸာယ္ကေတာ့ ထန္ဆိုတာက (ေက်ာ္ၾကားေသာ) ၊ တလန္ဆိုတာက ( ေတာင္) ၊ ထန္တလန္ ဆိုတာက “ေက်ာ္ၾကားေသာေတာင္ေပၚၿမိဳ႕ေလး” လို႔ အဓိပၸါယ္ရပါတယ္။ေတာင္ပတ္လည္ဝိုင္းထားတဲ့ ေတာင္ကုန္း ေပၚမွာတည္ထားတဲ့ ထန္တလန္ၿမိဳ႕ရဲ႕ပုံဟာ စက္ဝိုင္းပုံသဏၭာန္ရွိပါတယ္။

ထန္တလန္ၿမိဳ႕ေလးဟာ ရာသီဥတုမွ်တၿပီး အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္နဲ႔ နယ္နိမိတ္ခ်င္း ဆက္စပ္ေနတာျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ေပ (၄၉၆၂) မွာ တည္ရွိတဲ့ ၿမိဳ႕ေလးျဖစ္ပါတယ္။ထန္တလန္ကိုသြားလို႔ရတဲ့လမ္းအေနနဲ႔ဆိုရင္ ဟားခါး မွေသာ္လည္းေကာင္း ဖလမ္းမွေသာ္လည္းေကာင္း လမ္း(၂)လမ္းျဖင့္သြားလို႔ရတာျဖစ္ပါတယ္။ ထန္တလန္ၿမိဳ႕ေလးရဲ႕ အဝင္ဝမွာေတာ့ ၿမိဳ႕ရဲ႕ ေဆာင္ပုဒ္ေလးျဖစ္တဲ့ “ Not rich, But happy ” ဆိုတဲ့ “မခ်မ္းသာေသာ္လည္း ေပ်ာ္ပါသည္” ဆိုတဲ့ေဆာင္ပုဒ္ေလးကိုေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ၿမိဳ႕ထဲမွာအရက္ေသစာေသာက္စားခြင့္မျပဳတဲ့အတြက္ေၾကာင့္ လာေရာက္လည္ပတ္သူေတြအေနနဲ႔ ၿမိဳ႕ရဲ႕ စည္းကမ္းကိုအေလးေအနက္ထားတဲ့အေနနဲ႔ ၿမိဳ႕ျပင္ View Point မွာ စနစ္တက်ျပဳလုပ္ထားတဲ့ အုတ္ခုံေတြေပၚမွာ သြားေရာက္ေသာက္စားၾကပါတယ္။

ထန္တလန္ၿမိဳ႕ဟာ အလြန္စည္းကမ္းရွိတဲ့အတြက္ ေနရာတိုင္းဟာ သန႔္ရွင္းသပ္ရပ္ၿပီး အမႈိက္ေတြလဲမရွိဘူးလို႔ဆိုပါတယ္။ ေတာင္ေပၚ view point ရွိတဲ့ေနရာေလးမွာေတာ့ ထန္တလန္ရဲ႕ နာမည္ႀကီးChurch ေက်ာင္းအဝါေလးရွိတာျဖစ္ၿပီး ထိုေနရာမွ ထန္တလန္တၿမိဳ႕လုံးကိုလဲ အေပၚစီးကေနၾကည့္ရႈခံစားလို႔ရပါတယ္။View Point ကေတာ့ ၿမိဳ႕ကို တစ္စုတစ္စည္းတည္းျမင္ရတဲ့အျပင္ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ ဘယ္လို ရႈေထာင့္ကေန႐ိုက္႐ိုက္ တကယ္ကို လွတဲ့ၿမိဳ႕ကေလးပဲျဖစ္ပါတယ္။ ၿမိဳ႕ထဲမွာလဲ အိမ္ေတြကို ေဆာက္လုပ္ရာမွာ ေရာင္စုံေလးေတြေဆာက္လုပ္ထားၾကတဲ့ အျပင္ ဘုရားေက်ာင္းမ်ားစြာလည္းရွိပါေသးတယ္။ပရိတ္သတ္ႀကီးအေနနဲ႔ လက္ရွိမွာ အလြန္နာမည္ႀကီးေနတဲ့ ခ်င္းျပည္ေျမာက္ပိုင္းမွ ထန္တလန္ၿမိဳ႕ေလးအေၾကာင္း သိရွိေစႏိုင္ရန္ရည္႐ြယ္ကာ ေရးသားေဖာ္ျပလိုက္ရပါတယ္။