India နိင်ငံ မီဇိုရမ်ပြည်နယ်ရှိ Zonet နဲ့ MDM တို့က ပေးအပ်ချီမြှင့်တဲ့ 2021 Best Male Artist Award ဆုကို ရရှိခဲ့တဲ့ Benjamin Sum

Myanmar Idol season (4)ရဲ့ Top(3) finalists တစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသားလေး အဆိုတော် Benjamin Sum ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးတဲ့အပြင် တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အရွယ်နဲ့မလိုက်အောင်လည်း ဂီတနယ်ပယ်မှာ ထူးချွန်နေတဲ့ Benjamin Sum ဟာ ယခုမှာ ဂုဏ်ယူဝမ်းသာစရာ သတင်းတစ်ခု ကြားသိရပါတယ်။

ဒါကတော့ India နိင်ငံ မီဇိုရမ်ပြည်နယ်က Zonet နဲ့ MDM တို့ကပေးအပ်ချီမြှင့်တဲ့ 2021 Best Male Artist Award ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကိုတော့ “Chhingmit in bia thu kan hlan” သီချင်းနဲ့ Benjamin Sum က ရရှိသွားတာလို့လည်း ကြားသိရပါတယ်။ India နိင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းက တိုက်ပွဲရှောင် ပြည်သူအများအပြား သွားရောက်ခိုလှိုနေကြတဲ့ နေရာဒေသတစ်ခုပါ။

Zonet နဲ့ MDM တို့ကပေးအပ်ချီမြှင့်တဲ့ 2021 Best Male Artist Award ဆုပေးပွဲမှာလည်း တိုက်ပွဲရှောင်လာတဲ့ မြန်မာပြည်သူတွေကို စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတစ်ပုဒ်ကိုလည်း သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ Best Male Artist Award ဆု ရရှိခဲ့တဲ့ Benjamin Sum ကိုလည်း ချစ်တဲ့ပရိသတ်တွေက ချီးကျူးဂုဏ်ပြု ပေးထားကြတာကို ကြည်နူးစွာ တွေ့ရပါတယ်။

Myanmar Idol season (4)ရဲ႕ Top(3) finalists တစ္ေယာက္ျဖစ္တဲ့ ခ်င္းတိုင္းရင္းသားေလး အဆိုေတာ္ Benjamin Sum ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနမ်ိဳးမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေပးတဲ့အျပင္ တတ္ႏိုင္တဲ့ ဘက္ကေန လႉဒါန္းေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ အ႐ြယ္နဲ႔မလိုက္ေအာင္လည္း ဂီတနယ္ပယ္မွာ ထူးခြၽန္ေနတဲ့ Benjamin Sum ဟာ ယခုမွာ ဂုဏ္ယူဝမ္းသာစရာ သတင္းတစ္ခု ၾကားသိရပါတယ္။

ဒါကေတာ့ India နိင္ငံ မီဇိုရမ္ျပည္နယ္က Zonet နဲ႔ MDM တို႔ကေပးအပ္ခ်ီျမႇင့္တဲ့ 2021 Best Male Artist Award ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဆုကိုေတာ့ “Chhingmit in bia thu kan hlan” သီခ်င္းနဲ႔ Benjamin Sum က ရရွိသြားတာလို႔လည္း ၾကားသိရပါတယ္။ India နိင္ငံ မီဇိုရမ္ျပည္နယ္မွာ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္အတြင္းက တိုက္ပြဲေရွာင္ ျပည္သူအမ်ားအျပား သြားေရာက္ခိုလႈိေနၾကတဲ့ ေနရာေဒသတစ္ခုပါ။

Zonet နဲ႔ MDM တို႔ကေပးအပ္ခ်ီျမႇင့္တဲ့ 2021 Best Male Artist Award ဆုေပးပြဲမွာလည္း တိုက္ပြဲေရွာင္လာတဲ့ ျမန္မာျပည္သူေတြကို စိတ္ခြန္အားျဖစ္ေစမယ့္ သီခ်င္းတစ္ပုဒ္ကိုလည္း သီဆိုေဖ်ာ္ေျဖခဲ့တယ္လို႔ သိရပါတယ္။ Best Male Artist Award ဆု ရရွိခဲ့တဲ့ Benjamin Sum ကိုလည္း ခ်စ္တဲ့ပရိသတ္ေတြက ခ်ီးက်ဴးဂုဏ္ျပဳ ေပးထားၾကတာကို ၾကည္ႏူးစြာ ေတြ႕ရပါတယ္။

သတင်းအရင်းအမြစ်៖ Source – Zalen