ပညာရေးရန်ပုံငွေမှာဖျော်ဖြေရန် ပါရှိခဲ့သော်လည်း အခက်အခဲများကြောင့် မပါဝင်နိုင်ခဲ့လို့ ပရိတ်သတ်ကို တောင်းပန်စကားဆိုလာခဲ့တဲ့ မင်းမော်ကွန်း

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်များ ၊ သဘာဝဆန်လွန်းတဲ့ အနုပညာ နဲ့ နုပျိုလွန်းတဲ့ ရုပ်ရည်အသွင်အပြင် ကြောင့် ပရိတ်သတ်ရင်ထဲ ယနေ့တိုင် နေရာယူထားတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးလို့ဆိုလာရင်တော့ ပြည်သူ့မင်းသား မင်းမော်ကွန်းလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

သူဟာ လက်ရှိမှာဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်ခြင်းနဲ့ပတ်သက်၍ ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ လွတ်မြောက်နယ်မြေအထိ သွားရောက်နေထိုင်နေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။သူဟာ နိုင်ငံရေးဆိုင်ရာ တော်လှန်လှုပ်ရှားမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှဒ ပုဒ်မ ၅၀၅(က) နှင့် တရားစွဲဆိုထားခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ သိပ်မကြာခင်က အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပပြုလုပ်ခဲ့တဲ့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ”လို့အမည်ရတဲ့ ပညာရေးရန်ပုံငွေမှာဖျော်ဖြေရန် ပါရှိခဲ့သော်လည်း တကယ့်ပွဲနေ့ကျ နေရာအခက်အခဲနှင့် အင်တာနက်လိုင်းအခက်အခဲများကြောင့် မပါဝင်နိုင်ခဲ့ကြောင်းသိရပါတယ်။အဲ့အတွက် ပရိတ်သတ်တွေကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှ အနူးအညွတ်လေးစားစွာ တောင်းပန်ခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့လည်း မင်းမော်ကွန်းရဲ့ လက်ရှိဘေးကင်းရေးသာ အရေးကြီးကြောင်းအပြန်အလှန် မှတ်ချက်ပေးရေးသားနေခဲ့ကြတာဖြစ်ပါတယ်။ပြည်သူကချစ်ခင်လေးစားရတဲ့ မင်းမော်ကွန်းတစ်ယောက် ဘေးကင်းပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။


