အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ မြနှင်းရည်လွင်ကို ကျောက်ပန်းချီလေးရေးဆွဲပေးခဲ့တဲ့ ပရိသတ်တစ်ဦး

မြနှင်းရည်လွင်က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ မြနှင်းရည်လွင်ကတော့ ရောက်ရာနေရာကနေတော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ မြနှင်းရည်လွင်က “Public Voice Television” ရဲ့အစီအစဉ်တစ်ခုမှာ တော်လှန်ရေးအသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာဖြစ်သလို စိတ်ဓာတ်ကြံ့ခိုင်ပြီး တောတောင်ထဲမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်နေတာဖြစ်ပါတယ်။

အမှန်တရားအတွက် တိုက်ပွဲဝင်ကာ အဝေးရောက်နေတဲ့ မြနှင်းရည်လွင်ရဲ့ ကျောက်ပန်းချီလေးကို လွတ်မြောက်နယ်မြေရောက် ပရိသတ်တစ်ဦးက ကိုယ်တိုင်ရေးဆွဲပြီး သတိတရရှိနေကြောင်းကို ဖော်ပြလိုက်ပါတယ်။

သူမက”မမကိုအရမ်းလွမ်းလို့သတိရခြင်းများစွာနဲ့…. ကျောက်ပန်းချီလေးရေးဆွဲထားတယ်မမမြ.. အမြန်ဆုံးပြန်တွေ့ခြင်နေပြီ…”ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာကနေသူမရေးဆွဲထားတဲ့ မြနှင်းရည်လွင်ရဲ့ ပုံတူပန်းချီလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ျမႏွင္းရည္လြင္က ေတာ္လွန္ေရးႀကီးမွာ ျပည္သူနဲ႔အတူ အမွန္တရားဘက္ကရပ္တည္ၿပီး လမ္းေပၚထြက္ကာ လူထုလႈပ္ရွားမႈမွာ ရဲရဲဝင့္ဝင့္ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။ အင္တိုက္အားတိုက္ ျပဳလုပ္တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။ ေဘးကင္းရာကို ေရွာင္တိမ္းၿပီး လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ျမႏွင္းရည္လြင္ကေတာ့ ေရာက္ရာေနရာကေနေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္က “Public Voice Television” ရဲ႕အစီအစဥ္တစ္ခုမွာ ေတာ္လွန္ေရးအသိပညာေပးၿပီး ဝင္ေရာက္ေဆြးေႏြးျခင္းေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ။ ျမႏွင္းရည္လြင္က ႏူးညံ့တဲ့မိန္းမသားတစ္ေယာက္ျဖစ္ေပမယ့္လည္း ေတာ္လွန္ေရးမွာ လက္နက္ကိုင္ၿပီး ပါဝင္ေနတာျဖစ္သလို စိတ္ဓာတ္ႀကံ့ခိုင္ၿပီး ေတာေတာင္ထဲမွာ ဒုကၡမ်ိဳးစုံကိုရင္ဆိုင္ေနတာျဖစ္ပါတယ္။

အမွန္တရားအတြက္ တိုက္ပြဲဝင္ကာ အေဝးေရာက္ေနတဲ့ ျမႏွင္းရည္လြင္ရဲ႕ ေက်ာက္ပန္းခ်ီေလးကို လြတ္ေျမာက္နယ္ေျမေရာက္ ပရိသတ္တစ္ဦးက ကိုယ္တိုင္ေရးဆြဲၿပီး သတိတရရွိေနေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္။

သူမက”မမကိုအရမ္းလြမ္းလို႔သတိရျခင္းမ်ားစြာနဲ႔…. ေက်ာက္ပန္းခ်ီေလးေရးဆြဲထားတယ္မမျမ.. အျမန္ဆုံးျပန္ေတြ႕ျခင္ေနၿပီ…”ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားထားခဲ့တာပဲ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမတစ္ေနရာကေနသူမေရးဆြဲထားတဲ့ ျမႏွင္းရည္လြင္ရဲ႕ ပုံတူပန္းခ်ီေလးကို ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။