မြူးကြွလှပရောင်စုံည အစီအစဉ်တွင် “ပန်းနီနီမပေးနဲ့နော် ပန်ချင်ဖူး” ဟုသီဆိုခဲ့သူ သရုပ်​ဆောင်ယဉ်လတ်​နေအိမ် ဗုံး​ပေါက်

သရုပ်ဆောင်ယဉ်လတ်က အောက်တိုဘာ ၁၃ ရက်မှာ ရန်ကုန်စစ်ရုံးချုပ်ရှိရာ ကုန်းမြင့်သာ၌ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အနုပညာရှင်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုပ်သံမီဒီယာတွင် မြူးကြွလှပ ရောင်စုံည အစီအစဉ်မှာလည်း သီချင်းသီဆိုခဲ့သူဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးကို သံစဉ်အလိုက် မှန်ကန်အောင် မဆိုနိုင်လို့ ​ဝေဖန်ခံ​နေရသူလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းမှာပဲ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိ ဗီဒီယိုသရုပ်​ဆောင်ယဉ်လတ်​နေအိမ် ဗုံး​ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ ယဉ်လတ်နေအိမ်ပေါက်ကွဲမှု့မဖြစ်ခင်မှာပဲ ကျိုက်က္ကဆံရပ်ကွက်ပတ္တမြားလမ်းရှိ စစ်တပ်သတင်းပေးသူလို့ နာမည်ကြီးနေတဲ့ မျိုးသော်အောင်လည်း သေနတ်ဖြင့်ပစ်သတ်ခံရပါတယ်။

ဗုံးက ရေစင်ကိုပဲ ထိသွားပြီး၊ လူထိခိုက်သေဆုံးမှုမရှိကြောင်း နဲ့ အခင်းဖြစ်ပွားတဲ့ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်း၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ကာစစ်ဆေးစုံစမ်းမှုများပြုလုပ်လျက်ရှိခဲ့ကြောင်း သိရပါတယ်။

ျမဴးႂကြလွပေရာင္စုံည အစီအစဥ္တြင္ “ပန္းနီနီမေပးနဲ႔ေနာ္ ပန္ခ်င္ဖူး” ဟုသီဆိုခဲ့သူ သ႐ုပ္​ေဆာင္ယဥ္လတ္​ေနအိမ္ ဗုံး​ေပါက္

သ႐ုပ္ေဆာင္ယဥ္လတ္က ေအာက္တိုဘာ ၁၃ ရက္မွာ ရန္ကုန္စစ္႐ုံးခ်ဳပ္ရွိရာ ကုန္းျမင့္သာ၌ စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္နဲ႔ အႏုပညာရွင္ေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ စစ္ေကာင္စီေခါင္းေဆာင္ရဲ႕ ႐ုပ္သံမီဒီယာတြင္ ျမဴးႂကြလွပ ေရာင္စုံည အစီအစဥ္မွာလည္း သီခ်င္းသီဆိုခဲ့သူျဖစ္ၿပီး သီခ်င္းတစ္ပုဒ္လုံးကို သံစဥ္အလိုက္ မွန္ကန္ေအာင္ မဆိုႏိုင္လို႔ ​ေဝဖန္ခံ​ေနရသူလည္းျဖစ္ပါတယ္။

ႏိုဝင္ဘာ ၁၅ ရက္မနက္ပိုင္းမွာပဲ ဗဟန္းၿမိဳ႕နယ္ က်ိဳကၠဆံရပ္ကြက္ ဥႆဖယားလမ္းရွိ ဗီဒီယိုသ႐ုပ္​ေဆာင္ယဥ္လတ္​ေနအိမ္ ဗုံး​ေပါက္ကြဲမႈျဖစ္ခဲ့ေၾကာင္းသိရပါတယ္။ ယဥ္လတ္ေနအိမ္ေပါက္ကြဲမႈ႕မျဖစ္ခင္မွာပဲ က်ိဳက္ကၠဆံရပ္ကြက္ပတၱျမားလမ္းရွိ စစ္တပ္သတင္းေပးသူလို႔ နာမည္ႀကီးေနတဲ့ မ်ိဳးေသာ္ေအာင္လည္း ေသနတ္ျဖင့္ပစ္သတ္ခံရပါတယ္။

ဗုံးက ေရစင္ကိုပဲ ထိသြားၿပီး၊ လူထိခိုက္ေသဆုံးမႈမရွိေၾကာင္း နဲ႔ အခင္းျဖစ္ပြားတဲ့ က်ိဳကၠဆံရပ္ကြက္၊ ဥႆဖယားလမ္း၊ ပတၱျမားလမ္းႏွင့္ ပုလဲလမ္းတို႔ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ပိတ္ဆို႔ကာစစ္ေဆးစုံစမ္းမႈမ်ားျပဳလုပ္လ်က္ရွိခဲ့ေၾကာင္း သိရပါတယ္။