ယခုနှစ်တွင် ရပ်နားလိုက်ပြီဖြစ်သော ရွှေတိဂုံစေတီတော်၌ ကျင်းပပြုလုပ်လေ့ရှိတဲ့ မသိုးသင်္ကန်းပွဲတော်

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်မတိုင်ခင် တစ်ရက်အလိုမှာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်လေ့ရှိတဲ့ မသိုးသင်္ကန်းပွဲတော်ကို ယခုနှစ်မှာတော့ ကျင်းပတော့မှာမဟုတ်ကြောင်း ယမန်နေ့ နိုဝင်ဘာ(၁၅)ရက်နေ့ က ကြေငြာလာခဲ့ပါတယ်။

မသိုးသင်္ကန်းကို ည(၁၂)နာရီမတိုင်ခင်အပြီးယက်လုပ်လေ့ရှိကြတာကြောင့် မသိုးသင်္ကန်းလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။သင်္ကန်းများကို ယက်လုပ်ပြီး မနက်အာရုံတွင် ဘုရားအားကပ်လှူကြတာဖြစ်ပြီး မသိုးသင်္ကန်းပွဲတော်ဟာ အလွန်စည်ကားတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ဒီပွဲတော်မှာ အသင်းများစွာဖွဲ့စည်းကာပါဝင်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။

ယခုနှစ်မှာတော့ မသိုးသင်္ကန်းပွဲတော်ကို မကျင်းပဖြစ်ပေမယ့် ရွှေတိဂုံစေတီတော်ကိုတော့ အများပြည်သူလာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်းဆိုလာပါတယ်။ရွှေတိဂုံစေတီတော်ကိုတော့ နံနက်(၅)နာရီမှ ညနေ(၆)နာရီထိ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုလာပါသေးတယ်။


