ရေနွေးပူလောင်ပြီး ဒုက္ခရောက်နေတဲ့ အမျိုးသမီးကို ကူညီပေးခဲ့တဲ့ ပြည်သူတစ်ဦး

သမုဒ္ဒရာ ဝမ်းရေးတစ်ထွာအတွက် လူတိုင်းဟာ အားလုံးရုန်းကန်လှုပ်ရှားနေရပါတယ်။စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ တစ်ချို့ကတော့ ဘဝရဲ့လောကဓံလှိုင်းလုံးကြမ်းကြမ်းကြီးတွေရဲ့ တိုက်ခတ်မှုဒဏ်ကို အလူးအလဲခံနေရဆဲပါ၊၊ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက ရေနွေးပူလောင်ပြီးဒုက္ခရောက်နေတဲ့ အမျိုးသမီးအကြောင်းကို သူရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြည်သူဟာ သူထမင်းစားနေချိန်မှာ Phone call လေးတစ်ခုဝင်လာခဲ့ပြီး သူကို အကူအညီတောင်းတဲ့ Phone call တစ်ခုဖြစ်တာကြောင့် သူအဲဒီကို ရောက်သွားတဲ့အချိန်မှာ အသက် ၂၉ နှစ်အရွယ်ရှိတဲ့အမျိုးသမီးကိုတွေ့လိုက်ရတယ်လို့ဆိုပါတယ်။အမျိုးသမီးဟာ သားနှစ်ယောက်နဲ့အတူ ကျူးကျော်က သနားလို့ပေးထားတဲ့ တဲလေးမှာ နေထိုင်တယ်လို့ သိရှိရပါတယ်။

သူမအိပ်နေတဲ့ အချိန် သူမရဲ့သားငယ်လေးဟာ တည်ထားပြီးဆူနေတဲ့ ၃ မိနစ် ရေနွေးအိုးကို ခလုတ်တိုက်မိပြီး သူမအပေါ် ရေနွေးအိုးက ကျသွားပါတယ်။ကျသွားတဲ့နေရာဟာ မေးစေ့၊လည်ပင်းနဲ့ ရင်ဘတ်တွေပေါ်ဖြစ်ပြီး ရေနွေးပူလောင်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့ချိန် ၄ ရက်မြောက်နေ့မှာပဲ သူမရဲ့ အမျိုးသားက ကလေး၂ယောက်နဲ့ သူမကို ထားခဲ့ပြီး ထွက်သွားတာ အခုထိပြန်မလာဘူးလို့ဆိုပါတယ်။သူမဟာ စားဝတ်နေရေးအတွက် အဝတ်လျှော်အလုပ်လုပ်သော်လည်း သူမကို ဘယ်အိမ်ကမျှ မခေါ်သလို အိမ်အကူအလုပ်လေး လုပ်မယ်လို့ သွားပြန်တော့လည်း သူမပုံစံကို ကြည့်ပြီး အကုန်လုံးက လန့်ကြပြီး အလုပ်ခေါ်မခိုင်းဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်။အခုလည်း သူမရဲ့ရေနွေးပူလောင်ဒဏ်ရာဟာ အရမ်းနာကျင်နေတဲ့အတွက်ကြောင့် ဆေးလေးဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် သူ့ဆီကို အရဲစွန့်ဖုန်းဆက်တယ်လို့ ဆိုပါတယ်၊၊

ပြည်သူကလည်း သူမလိုအပ်နေတဲ့ဆေးဖိုးအတွက် ၃၀၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့သလို သူမအတွက်လဲ ခွဲစိတ်ဖို့ အရေပြားအလှပြုပြင်ခွဲစိတ်ဆရာဝန်တွေဆီ ဆက်သွယ်ပေးမယ်လို့လည်း ဆိုထားပါတယ်။သူမဟာ လှူထားတဲ့ငွေအတွက် ကျေးဇူးတင်ကြောင်းပြောခဲ့သလို သူမအရမ်းနာနေတာဖြစ်တဲ့အတွက် ဆေးသွားဝယ်တော့မယ်လို့လည်း ပြောခဲ့ပါတယ်။ပြည်သူဟာ ဒုက္ခရောက်နေတဲ့ရေနွေးပူလောင်တဲ့အမျိုးသမီးအတွက် ဆရာဝန်တွေဆီကို စုံစမ်းကြည့်တဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာဆို ခွဲခန်းဘိုကင်အတွက် တစ်နှစ်လောက် အနည်းဆုံးစောင့်ရမယ့်အပြင် အပြင်ဆေးရုံတွေမှာ ခွဲစိတ်မယ်ဆိုရင်လည်း အနည်းဆုံး သိန်း ၃၀ ကျော်လောက်ထိ ကုန်ကျနိုင်မယ်လို့ အကျဥ်းချုပ် သိရှိရတယ်လို့ ရေးသားထားပါတယ်။

ဆင်းရဲနွမ်းပါးအဖိုးအဖွားများအတွက် အတူတကွ ပူးပေါင်းကူညီလှုဒါန်းလိုပါက 09 – 5408437 ကို ဆက်သွယ်ပြီးလှူဒါန်းနိုင်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သမုဒၵရာ ဝမ္းေရးတစ္ထြာအတြက္ လူတိုင္းဟာ အားလုံး႐ုန္းကန္လႈပ္ရွားေနရပါတယ္။စားဝတ္ေနေရးအတြက္ ႐ုန္းကန္လႈပ္ရွားေနရတဲ့အထဲမွာ တစ္ခ်ိဳ႕ကေတာ့ ဘဝရဲ႕ေလာကဓံလႈိင္းလုံးၾကမ္းၾကမ္းႀကီးေတြရဲ႕ တိုက္ခတ္မႈဒဏ္ကို အလူးအလဲခံေနရဆဲပါ၊၊ဒီတစ္ေခါက္မွာလည္း ျပည္သူတစ္ဦးက ေရေႏြးပူေလာင္ၿပီးဒုကၡေရာက္ေနတဲ့ အမ်ိဳးသမီးအေၾကာင္းကို သူရဲ႕လူမႈကြန္ယက္ေပၚမွာ ေရးသားခဲ့ပါတယ္။

ျပည္သူဟာ သူထမင္းစားေနခ်ိန္မွာ Phone call ေလးတစ္ခုဝင္လာခဲ့ၿပီး သူကို အကူအညီေတာင္းတဲ့ Phone call တစ္ခုျဖစ္တာေၾကာင့္ သူအဲဒီကို ေရာက္သြားတဲ့အခ်ိန္မွာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိတဲ့အမ်ိဳးသမီးကိုေတြ႕လိုက္ရတယ္လို႔ဆိုပါတယ္။အမ်ိဳးသမီးဟာ သားႏွစ္ေယာက္နဲ႔အတူ က်ဴးေက်ာ္က သနားလို႔ေပးထားတဲ့ တဲေလးမွာ ေနထိုင္တယ္လို႔ သိရွိရပါတယ္။

သူမအိပ္ေနတဲ့ အခ်ိန္ သူမရဲ႕သားငယ္ေလးဟာ တည္ထားၿပီးဆူေနတဲ့ ၃ မိနစ္ ေရေႏြးအိုးကို ခလုတ္တိုက္မိၿပီး သူမအေပၚ ေရေႏြးအိုးက က်သြားပါတယ္။က်သြားတဲ့ေနရာဟာ ေမးေစ့၊လည္ပင္းနဲ႔ ရင္ဘတ္ေတြေပၚျဖစ္ၿပီး ေရေႏြးပူေလာင္ၿပီး ပုံပ်က္ပန္းပ်က္ ျဖစ္သြားတဲ့ခ်ိန္ ၄ ရက္ေျမာက္ေန႔မွာပဲ သူမရဲ႕ အမ်ိဳးသားက ကေလး၂ေယာက္နဲ႔ သူမကို ထားခဲ့ၿပီး ထြက္သြားတာ အခုထိျပန္မလာဘူးလို႔ဆိုပါတယ္။သူမဟာ စားဝတ္ေနေရးအတြက္ အဝတ္ေလွ်ာ္အလုပ္လုပ္ေသာ္လည္း သူမကို ဘယ္အိမ္ကမွ် မေခၚသလို အိမ္အကူအလုပ္ေလး လုပ္မယ္လို႔ သြားျပန္ေတာ့လည္း သူမပုံစံကို ၾကည့္ၿပီး အကုန္လုံးက လန္႔ၾကၿပီး အလုပ္ေခၚမခိုင္းဘူးလို႔ ဝမ္းနည္းစြာနဲ႔ ေျပာျပခဲ့ပါတယ္။အခုလည္း သူမရဲ႕ေရေႏြးပူေလာင္ဒဏ္ရာဟာ အရမ္းနာက်င္ေနတဲ့အတြက္ေၾကာင့္ ေဆးေလးဝယ္ဖို႔ ပိုက္ဆံမရွိတဲ့အတြက္ သူ႔ဆီကို အရဲစြန္႔ဖုန္းဆက္တယ္လို႔ ဆိုပါတယ္၊၊

ျပည္သူကလည္း သူမလိုအပ္ေနတဲ့ေဆးဖိုးအတြက္ ၃၀၀၀၀ က်ပ္ကို လႉဒါန္းေပးခဲ့သလို သူမအတြက္လဲ ခြဲစိတ္ဖို႔ အေရျပားအလွျပဳျပင္ခြဲစိတ္ဆရာဝန္ေတြဆီ ဆက္သြယ္ေပးမယ္လို႔လည္း ဆိုထားပါတယ္။သူမဟာ လႉထားတဲ့ေငြအတြက္ ေက်းဇူးတင္ေၾကာင္းေျပာခဲ့သလို သူမအရမ္းနာေနတာျဖစ္တဲ့အတြက္ ေဆးသြားဝယ္ေတာ့မယ္လို႔လည္း ေျပာခဲ့ပါတယ္။ျပည္သူဟာ ဒုကၡေရာက္ေနတဲ့ေရေႏြးပူေလာင္တဲ့အမ်ိဳးသမီးအတြက္ ဆရာဝန္ေတြဆီကို စုံစမ္းၾကည့္တဲ့အခါ ရန္ကုန္ေဆး႐ုံႀကီးမွာဆို ခြဲခန္းဘိုကင္အတြက္ တစ္ႏွစ္ေလာက္ အနည္းဆုံးေစာင့္ရမယ့္အျပင္ အျပင္ေဆး႐ုံေတြမွာ ခြဲစိတ္မယ္ဆိုရင္လည္း အနည္းဆုံး သိန္း ၃၀ ေက်ာ္ေလာက္ထိ ကုန္က်ႏိုင္မယ္လို႔ အက်ဥ္းခ်ဳပ္ သိရွိရတယ္လို႔ ေရးသားထားပါတယ္။

ဆင္းရဲႏြမ္းပါးအဖိုးအဖြားမ်ားအတြက္ အတူတကြ ပူးေပါင္းကူညီလႈဒါန္းလိုပါက 09 – 5408437 ကို ဆက္သြယ္ၿပီးလႉဒါန္းႏိုင္တယ္လို႔ သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာေရးသားထားတာကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။