ဂိတ်အတွင်း ရပ်နားထားရင်းကနေ ရုတ်တရက် မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ အမှတ် (၄) YBS ယာဉ်

လတ်တလော ရန်ကုန်မြို့အတွင်းက မြို့နယ်တချို့တွေမှာ ယာဥ်မတော်တဆဖြစ်ပွားမှုတွေအပြင် အများပြည်သူများအသုံးပြုနေတဲ့ YBS ယာဥ်တချို့ မီးလောင်မှုတွေလည်း ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအကုန်ကလည်း ကြည့်မြင်တိုင် မြို့နယ်အတွင်းမှာ YBS (၂၀) ယာဥ်တစ်စီးဟာ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့​ပါတယ်။

ဒီကနေ့ နိုဝင်ဘာ (၁၆) ရက်နေ့မှာလည်း မြန်မာနိုင်ငံ မီးသတ်ဌာနက YBS ယာဥ်တစ်စီး မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ယခုတစ်ခါ ဖြစ်စဥ်ကတော့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ “ရတနာနှင်းဆီ” အိမ်ယာလမ်းသွယ်(၁)လမ်း၊ အမှတ် (၄) ကားဂိတ်မှာ ရပ်နားထားတဲ့ YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့တာပါ။ မနက် (၁၁) နာရီ (၆) မိနစ်အချိန်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး (၁၁)နာရီ (၃၀) မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကိုတော့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့တာလို့ မီးသတ်ဦးစီးဌာနမှ ဖော်ပြထားပါတယ်။ ယခုလိုမီးလောင်ရခြင်းရဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် ပြည်သူတစ်ဦးရဲ့ မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်မှာတော့ မီးလောင်မှုဟာ ပြင်းထန်ခဲ့ပြီး ကားတစ်စီးလုံးနီးပါးကုန်သွားတဲ့အထိ မီးလောင်ကျွမ်းခဲ့တာကို တွေ့မြင်ရပါတယ်။ မီးလောင်မှုဖြစ်စဥ်ရဲ့ မှတ်တမ်းတင် ရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ပြန်လည်ကြည့်ရှုလို့ ရအောင်ဖော်ပြပေးလိုက်ပါတယ်။

လတ္တေလာ ရန္ကုန္ၿမိဳ႕အတြင္းက ၿမိဳ႕နယ္တခ်ိဳ႕ေတြမွာ ယာဥ္မေတာ္တဆျဖစ္ပြားမႈေတြအျပင္ အမ်ားျပည္သူမ်ားအသုံးျပဳေနတဲ့ YBS ယာဥ္တခ်ိဳ႕ မီးေလာင္မႈေတြလည္း ပိုမိုျဖစ္ပြားလာတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအကုန္ကလည္း ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္အတြင္းမွာ YBS (၂၀) ယာဥ္တစ္စီးဟာ ဆိုးဆိုးဝါးဝါး မီးေလာင္ကြၽမ္းမႈတစ္ခု ျဖစ္ပြားခဲ့​ပါတယ္။

ဒီကေန႔ ႏိုဝင္ဘာ (၁၆) ရက္ေန႔မွာလည္း ျမန္မာႏိုင္ငံ မီးသတ္ဌာနက YBS ယာဥ္တစ္စီး မီးေလာင္ကြၽမ္းခဲ့ေၾကာင္း ထုတ္ျပန္လာတာ ေတြ႕ရပါတယ္။ ယခုတစ္ခါ ျဖစ္စဥ္ကေတာ့ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္၊ “ရတနာႏွင္းဆီ” အိမ္ယာလမ္းသြယ္(၁)လမ္း၊ အမွတ္ (၄) ကားဂိတ္မွာ ရပ္နားထားတဲ့ YBS ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ခဲ့တာပါ။ မနက္ (၁၁) နာရီ (၆) မိနစ္အခ်ိန္ခန႔္မွာ စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး (၁၁)နာရီ (၃၀) မိနစ္ေလာက္မွာ မီးၿငိမ္းသြားတယ္လို႔ သိရပါတယ္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ကိုေတာ့ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္၊ မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁) စီး၊ သာေကတၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁) စီးတို႔ျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့တာလို႔ မီးသတ္ဦးစီးဌာနမွ ေဖာ္ျပထားပါတယ္။ ယခုလိုမီးေလာင္ရျခင္းရဲ႕ အေၾကာင္းအရင္းကို မသိရေသးေပမယ့္ ျပည္သူတစ္ဦးရဲ႕ မွတ္တမ္းတင္ထားတဲ့ ႐ုပ္သံဖိုင္မွာေတာ့ မီးေလာင္မႈဟာ ျပင္းထန္ခဲ့ၿပီး ကားတစ္စီးလုံးနီးပါးကုန္သြားတဲ့အထိ မီးေလာင္ကြၽမ္းခဲ့တာကို ေတြ႕ျမင္ရပါတယ္။ မီးေလာင္မႈျဖစ္စဥ္ရဲ႕ မွတ္တမ္းတင္ ႐ုပ္သံဖိုင္ကိုလည္း ပရိသတ္ေတြ ျပန္လည္ၾကည့္ရႈလို႔ ရေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

သတင်းအရင်းအမြစ်៖ Source – MFSD / November Htay