အသံတုပညာရှင် ဦးရဲဆွေကို ကူညီပေးခဲ့တဲ့ လူရွှင်တော် မိုးစက်

လူရွှင်တော်မိုးစက်ဟာ ဆရာဦးသျှန်ထွဏ်းဆီမှာ အသံသွင်းပြန်လာရင်းနဲ့ တောင်ဒဂုံ ကွေ့မမှတ်တိုင်နားမှာ ကလေးကစားစရာရောင်းနေတဲ့အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဘတစ်ယောက်ကို တွေ့တာနဲ့ သူလှူဖို့သွားခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သူတွေ့လိုက်ရတဲ့ ဘဘဟာ အနုပညာသမား တစ်ယောက်ဖြစ်ပြီး အသံတုပညာရှင် ဦးရဲဆွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။အသံတုပညာရှင် ဦးရဲဆွေဟာ သူ့ကိုလုံးဝ မသိသလို သူကနေပဲ ဘဘ ဒီနှုတ်ခမ်းမွှေးက ဘယ်လိုရောင်းလဲ လို့မေးလိုက်ပါတယ်။ ၅၀၀ လို့ ဘဘက ဖြေပြီး သူက နောက်ထပ် ဦးထုပ်လေးကရော ဘဘ ဘယ်လောက်လဲလို့ မေးလိုက်တဲ့အခါ ဦးထုပ်လေးကလည်း ၅၀၀ ကျပ်လို့ ဆိုပါတယ်။

ဘဘကို သူနှစ်ခုလုံးယူမှာကြောင့် နည်းနည်းလျော့ပေးနော် ၁ သိန်းဘဲ ထား လို့ သူပြောလိုက်တဲ့အခါ ဘဘက သူ့ကို စနေတယ်အထင်နဲ့ ရယ်မောပြီး ရပါတယ်ဗျာ လို့ ဆိုပါတယ်။လူရွှင်တော်မိုးဇစက်ဟာ ဘဘအတွက် ဦးထုပ်နဲ့နှုတ်ခမ်းမွှေးဖိုးကျသင့်ငွေ ၂၀၀၀ ကျပ်အပြင် ဘဘလိုအပ်တာ သုံးဖို့အတွက် ၁ သိန်းကျပ်ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အနုပညာသမားဖြစ်တဲ့ အသံတုပညာရှင် ဦးရဲဆွေလည်း ဝမ်းသာနေသလို လူရွင်တော်မိုးစက်အနေနဲ့ သူ့အနေနဲ့ ဒီလိုကူညီလိုက်ရတဲ့အတွက် အဲဒီနေ့ဟာ တန်ဖိုးဖြတ်မရတဲ့ ပီတိတွေ အပျော်တွေ တစ်ပွေ့တစ်ပိုက် ခံစားရတဲ့နေရက်လေးတစ်နေ့ဖြစ်ကြောင်း ဝေမျှလာတာကို ပရိတ်သတ်တွေဝမ်းသာပီတိဖြစ်ဖို့ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

လူ႐ႊင္ေတာ္မိုးစက္ဟာ ဆရာဦးသွ်န္ထြဏ္းဆီမွာ အသံသြင္းျပန္လာရင္းနဲ႔ ေတာင္ဒဂုံ ေကြ႕မမွတ္တိုင္နားမွာ ကေလးကစားစရာေရာင္းေနတဲ့အသက္ ၇၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘဘတစ္ေယာက္ကို ေတြ႕တာနဲ႔ သူလႉဖို႔သြားခဲ့တယ္လို႔ သူ႔ရဲ႕ လူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

သူေတြ႕လိုက္ရတဲ့ ဘဘဟာ အႏုပညာသမား တစ္ေယာက္ျဖစ္ၿပီး အသံတုပညာရွင္ ဦးရဲေဆြ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။အသံတုပညာရွင္ ဦးရဲေဆြဟာ သူ႔ကိုလုံးဝ မသိသလို သူကေနပဲ ဘဘ ဒီႏႈတ္ခမ္းေမႊးက ဘယ္လိုေရာင္းလဲ လို႔ေမးလိုက္ပါတယ္။ ၅၀၀ လို႔ ဘဘက ေျဖၿပီး သူက ေနာက္ထပ္ ဦးထုပ္ေလးကေရာ ဘဘ ဘယ္ေလာက္လဲလို႔ ေမးလိုက္တဲ့အခါ ဦးထုပ္ေလးကလည္း ၅၀၀ က်ပ္လို႔ ဆိုပါတယ္။

ဘဘကို သူႏွစ္ခုလုံးယူမွာေၾကာင့္ နည္းနည္းေလ်ာ့ေပးေနာ္ ၁ သိန္းဘဲ ထား လို႔ သူေျပာလိုက္တဲ့အခါ ဘဘက သူ႔ကို စေနတယ္အထင္နဲ႔ ရယ္ေမာၿပီး ရပါတယ္ဗ်ာ လို႔ ဆိုပါတယ္။လူ႐ႊင္ေတာ္မိုးဇစက္ဟာ ဘဘအတြက္ ဦးထုပ္နဲ႔ႏႈတ္ခမ္းေမႊးဖိုးက်သင့္ေငြ ၂၀၀၀ က်ပ္အျပင္ ဘဘလိုအပ္တာ သုံးဖို႔အတြက္ ၁ သိန္းက်ပ္ကိုလည္း လႉဒါန္းေပးခဲ့တယ္လို႔ ဆိုပါတယ္။

အႏုပညာသမားျဖစ္တဲ့ အသံတုပညာရွင္ ဦးရဲေဆြလည္း ဝမ္းသာေနသလို လူ႐ြင္ေတာ္မိုးစက္အေနနဲ႔ သူ႔အေနနဲ႔ ဒီလိုကူညီလိုက္ရတဲ့အတြက္ အဲဒီေန႔ဟာ တန္ဖိုးျဖတ္မရတဲ့ ပီတိေတြ အေပ်ာ္ေတြ တစ္ေပြ႕တစ္ပိုက္ ခံစားရတဲ့ေနရက္ေလးတစ္ေန႔ျဖစ္ေၾကာင္း ေဝမွ်လာတာကို ပရိတ္သတ္ေတြဝမ္းသာပီတိျဖစ္ဖို႔ရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ရပါတယ္။