ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရသည့်အမေရိကန်သတင်းသမားDanny Fenster ပြန်လည်လွတ်မြောက်

ထောင်ဒဏ်၁၁နှစ်ချမှတ်ခံရသော အမေရိကန်သတင်းသမားDanny Fenster ဟာ ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာ ပြန်လည်လွတ်မြောက်သွားပါတယ်။Danny Fenster ကို နိုဝင်ဘာလ၁၁ရက်နေ့တုန်းက တရားရုံးကရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(က)၊မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁)၊လူဝင်မှုဥပဒေပုဒ်မ၁၃(၁) အမှု၃ခုအတွက်ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာတော့Danny Fenster ကို လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးလိုက်ပြီး တစ်ခါတည်းပြည်နှင်ဒဏ်ပါ ပေးလိုက်တယ်လို့သိရပါတယ်။

အမေရိကန်သတင်းသမားDanny Fenster ကို ထောင်ဒဏ်၁၁နှစ်ချမှတ်ခဲ့ပေမယ့်အခုလို ရုတ်တရက်ကြီးပြန်လွှတ်ပေးလိုက်တဲ့အပေါ်ပြည်သူများရဲ့စိတ်ဝင်စားမှုဟာလည်းမြင့်တတ်လျှက်ရှိပါတယ်။

အမေရိကန်သတင်းသမားDanny Fenster ဟာFrontier Myanmar သတင်းဌာနတွင်လုပ်ကိုင်ခဲ့သူဖြစ်ပြီးမေလ၁၄ရက်နေ့တွင်ရန်ကုန်မှ မိသားစုရှိရာအမေရိကသို့အပြန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

Danny Fenster ဟာ အကျဉ်းထောင်ထဲမှာ၅လကျော်ကြာနေထိုင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်သတင်းသမားDanny Fenster ကို ပြန်လွှတ်ပေးဖို့အမေရိကန်နိုင်ငံက မိသားစုဝင်များက ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့သလို အဖွဲ့အစည်းများစွာကလည်း ကြေညာချက်ထုတ်တောင်းဆိုမှုများရှိခဲ့ပါတယ်။

ေထာင္ဒဏ္၁၁ႏွစ္ခ်မွတ္ခံရေသာ အေမရိကန္သတင္းသမားDanny Fenster ဟာ ဒီကေန႔ႏိုဝင္ဘာလ၁၅ရက္ေန႔မွာ ျပန္လည္လြတ္ေျမာက္သြားပါတယ္။Danny Fenster ကို ႏိုဝင္ဘာလ၁၁ရက္ေန႔တုန္းက တရား႐ုံးကရာဇသတ္ႀကီးဥပေဒပုဒ္မ၅၀၅(က)၊မတရားအသင္းဆက္သြယ္မႈဥပေဒပုဒ္မ၁၇(၁)၊လူဝင္မႈဥပေဒပုဒ္မ၁၃(၁) အမႈ၃ခုအတြက္ေထာင္ဒဏ္၁၁ႏွစ္ခ်မွတ္လိုက္တာပဲျဖစ္ပါတယ္။ဒီကေန႔ႏိုဝင္ဘာလ၁၅ရက္ေန႔မွာေတာ့Danny Fenster ကို လြတ္ၿငိမ္းျဖင့္ျပန္လႊတ္ေပးလိုက္ၿပီး တစ္ခါတည္းျပည္ႏွင္ဒဏ္ပါ ေပးလိုက္တယ္လို႔သိရပါတယ္။

အေမရိကန္သတင္းသမားDanny Fenster ကို ေထာင္ဒဏ္၁၁ႏွစ္ခ်မွတ္ခဲ့ေပမယ့္အခုလို ႐ုတ္တရက္ႀကီးျပန္လႊတ္ေပးလိုက္တဲ့အေပၚျပည္သူမ်ားရဲ႕စိတ္ဝင္စားမႈဟာလည္းျမင့္တတ္လွ်က္ရွိပါတယ္။

အေမရိကန္သတင္းသမားDanny Fenster ဟာFrontier Myanmar သတင္းဌာနတြင္လုပ္ကိုင္ခဲ့သူျဖစ္ၿပီးေမလ၁၄ရက္ေန႔တြင္ရန္ကုန္မွ မိသားစုရွိရာအေမရိကသို႔အျပန္ေလဆိပ္မွာ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ပါတယ္။

Danny Fenster ဟာ အက်ဥ္းေထာင္ထဲမွာ၅လေက်ာ္ၾကာေနထိုင္ခဲ့ၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့တာပဲျဖစ္ပါတယ္။အေမရိကန္သတင္းသမားDanny Fenster ကို ျပန္လႊတ္ေပးဖို႔အေမရိကန္ႏိုင္ငံက မိသားစုဝင္မ်ားက ဆႏၵျပေတာင္းဆိုမႈမ်ားျပဳလုပ္ခဲ့သလို အဖြဲ႕အစည္းမ်ားစြာကလည္း ေၾကညာခ်က္ထုတ္ေတာင္းဆိုမႈမ်ားရွိခဲ့ပါတယ္။