စစ်ကောင်စီက ထိန်းသိမ်းဖမ်းဆီးခြင်းကိုခံခဲ့ရပေမယ့် နေအိမ်ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ မော်ဒယ်သန္တာလှိုင်

နိုဝင်ဘာ(၁၄)ရက်နေ့က မော်ဒယ် သန္တာလှိုင်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ သူမ ဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကို ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီလက စတင်၍ တရားစွဲဆိုခံထားခဲ့ရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ သူမမိသားစုဝင်များနှင့်အတူ ဘန်ကောက်မြို့သို့သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာမည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နှင့်လိုက်ပါစီးနင်းရန် လေဆိပ်သို့ရောက်ရှိလာခဲ့စဉ်မှာတင်ပဲ တားဆီးခံခဲ့ရကာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ဖမ်းဆီးပြီးပြီးချင်းမှာပဲ သူမဟာ ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါတယ်။

ယမန်နေ့ နိုဝင်ဘာ(၁၅)ရက်နေ့ညဘက်မှာတော့ သူမကို စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သူမရဲ့ အသိုင်းအဝိုင်းထံမှ သတင်းရရှိခဲ့ပါတယ်။သူမကိုစိတ်ပူနေတဲ့ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းဆိုလာခဲ့တယ်လို့လည်းကြားသိရပါတယ်။

ႏိုဝင္ဘာ(၁၄)ရက္ေန႔က ေမာ္ဒယ္ သႏၲာလႈိင္ဟာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ စစ္ေကာင္စီရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရပါတယ္။ သူမ ဟာ ႏိုင္ငံေရးလႈပ္ရွားမႈအခ်ိဳ႕ကို ေဆာင္႐ြက္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)ျဖင့္ ဧၿပီလက စတင္၍ တရားစြဲဆိုခံထားခဲ့ရတဲ့ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

သူမဟာ သူမမိသားစုဝင္မ်ားႏွင့္အတူ ဘန္ေကာက္ၿမိဳ႕သို႔သြားေရာက္ရန္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕သို႔ထြက္ခြာမည့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း MNA ႏွင့္လိုက္ပါစီးနင္းရန္ ေလဆိပ္သို႔ေရာက္ရွိလာခဲ့စဥ္မွာတင္ပဲ တားဆီးခံခဲ့ရကာ ထိန္းသိမ္းခံခဲ့ရတာျဖစ္ေၾကာင္း သိရပါတယ္။ဖမ္းဆီးၿပီးၿပီးခ်င္းမွာပဲ သူမဟာ ေရၾကည္အိုင္စစ္ေၾကာေရးစခန္းသို႔ေခၚေဆာင္သြားျခင္းကိုခံခဲ့ရပါတယ္။

ယမန္ေန႔ ႏိုဝင္ဘာ(၁၅)ရက္ေန႔ညဘက္မွာေတာ့ သူမကို စစ္ေကာင္စီမွ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း သူမရဲ႕ အသိုင္းအဝိုင္းထံမွ သတင္းရရွိခဲ့ပါတယ္။သူမကိုစိတ္ပူေနတဲ့ပရိတ္သတ္မ်ားအားလုံးကိုလည္း ေက်းဇူးတင္ရွိေၾကာင္းဆိုလာခဲ့တယ္လို႔လည္းၾကားသိရပါတယ္။