အိမ်လခမပေးနိုင်လို့ အခက်အခဲ ဖြစ်နေတဲ့ အဖွားအိုကို ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

ဘဝဆိုတဲ့ စကားနှစ်လုံးလေးသာ ရှိပေမဲ့ ဒီဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလွန်းလှပါဘူး။ပတ်ဝန်းကျင်မှာ ဘဝရဲ့ရိုက်ခတ်တဲ့လောကဓံကြောင့် ခက်ခဲစွာ ရှင်သန်နေရတဲ့လူတွေ အများကြီးပါ။အဝေးကြီးကို ပြေးကြည့်စရာမလိုလောက်အောင်ကိုပင် ပတ်ဝန်းကျင်မှာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေရသူတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဘဝရဲ့လောကဓံပြင်းပြင်းထန်ထန် ရိုက်ခတ်ခံနေရသူတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ဝေမျှပေးဖို့အတွက် လူသားချင်းစာနာစိတ်ရှိဖို့လည်း လိုအပ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက သူ့ကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တဲ့ အဖွားရဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

ညနေခင်းတစ်ခုမှာ သူ့ဆီသို့ ဖုန်း​ Call လေးတစ်ခု ဝင်လာတယ်လို့ဆိုပါတယ်။ သူဖုန်းကိုင်လိုက်တဲ့အချိန်မှာ တစ်ဖက်မှ သားရေ အဖွားကို ကယ်ပါဦး ဆိုတဲ့ ငိုယိုနေတဲ့အဖွားရဲ့အသံကို ကြားလိုက်ရတယ်လို့ဆိုပါတယ်။သူလည်း အဖွားရဲ့ ငိုနေတဲ့အသံကို မခံစားနိုင်တဲ့အတွက် အဖွား ကျွန်တော်ကို ဖြေးဖြေးပြောပါနော် လို့ဆိုလိုက်တဲ့အခါ အဖွားက အိမ်လခ မပေးနိုင်တာ ၄ လရှိပြီဖြစ်တဲ့အတွက် အိမ်ရှင်က ဒီနေ့မှ မပေးရင် မနက်ဖြန်ဆို အိမ်ပေါ်က ဆင်းခိုင်းပြီး လူခေါ်လာပြီး ဖယ်ချမယ်လို့ ဆိုပြီး သူ့ကိုပြောတယ်လို့ ဆိုပါတယ်။

အဖွားကို ကယ်ပါ သားရယ် ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ သူမနေနိုင်စွာနဲ့ပဲ အဖွား ကျွန်တော်လာခဲ့မယ် နော်ဆိုပြီး ပြောလိုက်ပါတယ်။အဖွားဆီသို့ သူရောက်သွားတဲ့အချိန်မှာ အဖွားက သူကို့ ကိုဗစ်ကာလကြောင့် ဘယ်သူမှလည်း အဝတ်လျှော်ဖို့ မခေါ်သလို ထဘီအဟောင်းလေးတွေလည်း ထွက်ရောင်းတာလဲ မဝယ်ကြတဲ့အတွက် အဖွားအနေနဲ့ အိမ်လခ ပေးဖို့ ဒုက္ခတွေ ရောက်နေတယ်လို့ သူ့ကို ဆိုပါတယ်။

သူလည်း အဖွားလက်ရှိအခက်အခဲ ဖြစ်နေတဲ့ အိမ်လခကို ကူညီပေးလိုက်ပြီး အဖွားဟာ တော်တော်လေးကို ဝမ်းသာပီတိဖြစ်နေပြီး သူ့ကို ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသလို ကျေးဇူးဆပ်တဲ့အနေနဲ့သူတို့အိမ်မှာ အဝတ်လာလျှော် ကြမ်းတိုက် သန့်ရှင်းရေး လာလုပ်ပေးချင်တယ်လို့ ဆိုပါတယ်။အဖွားကို ဒီလို လုပ်ပေးဖို့မလိုကြောင်းနဲ့ အဖွားသာ ကျန်းမာရေးဂရုစိုက်ဖို့ သူပြောလိုက်တယ်လို့ ဆိုပါတယ်။ပြည်သူဟာ ဒုက္ခရောက်နေတဲ့အဖိုးအဖွားများကိုတွေ့ရင်လည်းကိုယ်တတ်နိုင်သလောက်လေး ဝေမျှပေးဖို့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေထားတာကိုပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

ဘဝဆိုတဲ့ စကားႏွစ္လုံးေလးသာ ရွိေပမဲ့ ဒီဘဝကို ေကာင္းမြန္စြာျဖတ္သန္းႏိုင္ဖို႔ဆိုတာ တကယ္ေတာ့ မလြယ္ကူလြန္းလွပါဘူး။ပတ္ဝန္းက်င္မွာ ဘဝရဲ႕႐ိုက္ခတ္တဲ့ေလာကဓံေၾကာင့္ ခက္ခဲစြာ ရွင္သန္ေနရတဲ့လူေတြ အမ်ားႀကီးပါ။အေဝးႀကီးကို ေျပးၾကည့္စရာမလိုေလာက္ေအာင္ကိုပင္ ပတ္ဝန္းက်င္မွာ ခက္ခဲပင္ပန္းစြာနဲ႔ ႐ုန္းကန္ေနရသူေတြကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ဘဝရဲ႕ေလာကဓံျပင္းျပင္းထန္ထန္ ႐ိုက္ခတ္ခံေနရသူေတြကိုလည္း ကိုယ္တတ္ႏိုင္သေလာက္ ေဝမွ်ေပးဖို႔အတြက္ လူသားခ်င္းစာနာစိတ္ရွိဖို႔လည္း လိုအပ္ပါတယ္။ဒီတစ္ေခါက္မွာလည္း ျပည္သူတစ္ဦးက သူ႔ကို ဖုန္းဆက္ၿပီး အကူအညီေတာင္းခဲ့တဲ့ အဖြားရဲ႕ ျဖစ္ရပ္ေလးတစ္ခုကို ျပန္လည္ေဝမွ်ေပးခဲ့ပါတယ္။

ညေနခင္းတစ္ခုမွာ သူ႔ဆီသို႔ ဖုန္း​ Call ေလးတစ္ခု ဝင္လာတယ္လို႔ဆိုပါတယ္။ သူဖုန္းကိုင္လိုက္တဲ့အခ်ိန္မွာ တစ္ဖက္မွ သားေရ အဖြားကို ကယ္ပါဦး ဆိုတဲ့ ငိုယိုေနတဲ့အဖြားရဲ႕အသံကို ၾကားလိုက္ရတယ္လို႔ဆိုပါတယ္။သူလည္း အဖြားရဲ႕ ငိုေနတဲ့အသံကို မခံစားႏိုင္တဲ့အတြက္ အဖြား ကြၽန္ေတာ္ကို ေျဖးေျဖးေျပာပါေနာ္ လို႔ဆိုလိုက္တဲ့အခါ အဖြားက အိမ္လခ မေပးႏိုင္တာ ၄ လရွိၿပီျဖစ္တဲ့အတြက္ အိမ္ရွင္က ဒီေန႔မွ မေပးရင္ မနက္ျဖန္ဆို အိမ္ေပၚက ဆင္းခိုင္းၿပီး လူေခၚလာၿပီး ဖယ္ခ်မယ္လို႔ ဆိုၿပီး သူ႔ကိုေျပာတယ္လို႔ ဆိုပါတယ္။

အဖြားကို ကယ္ပါ သားရယ္ ဆိုၿပီး ေျပာလိုက္တဲ့အခ်ိန္မွာ သူမေနႏိုင္စြာနဲ႔ပဲ အဖြား ကြၽန္ေတာ္လာခဲ့မယ္ ေနာ္ဆိုၿပီး ေျပာလိုက္ပါတယ္။အဖြားဆီသို႔ သူေရာက္သြားတဲ့အခ်ိန္မွာ အဖြားက သူကို႔ ကိုဗစ္ကာလေၾကာင့္ ဘယ္သူမွလည္း အဝတ္ေလွ်ာ္ဖို႔ မေခၚသလို ထဘီအေဟာင္းေလးေတြလည္း ထြက္ေရာင္းတာလဲ မဝယ္ၾကတဲ့အတြက္ အဖြားအေနနဲ႔ အိမ္လခ ေပးဖို႔ ဒုကၡေတြ ေရာက္ေနတယ္လို႔ သူ႔ကို ဆိုပါတယ္။

သူလည္း အဖြားလက္ရွိအခက္အခဲ ျဖစ္ေနတဲ့ အိမ္လခကို ကူညီေပးလိုက္ၿပီး အဖြားဟာ ေတာ္ေတာ္ေလးကို ဝမ္းသာပီတိျဖစ္ေနၿပီး သူ႔ကို ေက်းဇူးတင္ေၾကာင္းအထပ္ထပ္အခါခါေျပာသလို ေက်းဇူးဆပ္တဲ့အေနနဲ႔သူတို႔အိမ္မွာ အဝတ္လာေလွ်ာ္ ၾကမ္းတိုက္ သန္႔ရွင္းေရး လာလုပ္ေပးခ်င္တယ္လို႔ ဆိုပါတယ္။အဖြားကို ဒီလို လုပ္ေပးဖို႔မလိုေၾကာင္းနဲ႔ အဖြားသာ က်န္းမာေရးဂ႐ုစိုက္ဖို႔ သူေျပာလိုက္တယ္လို႔ ဆိုပါတယ္။ျပည္သူဟာ ဒုကၡေရာက္ေနတဲ့အဖိုးအဖြားမ်ားကိုေတြ႕ရင္လည္းကိုယ္တတ္ႏိုင္သေလာက္ေလး ေဝမွ်ေပးဖို႔ သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာ မွ်ေဝထားတာကိုျပန္လည္ တင္ဆက္ေပးလိုက္ပါတယ္။