မိသားစုတွေအတူမရှိဘဲ အဝေးမှာ တိမ်းရှောင်နေရတာ (၉)လကျော်ပြီဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ ကိုပေါက်ရဲ့ဇနီး

ဒါရိုက်တာ ကိုပေါက်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်များနဲ့လည်း တစ်ကွဲတစ်ပြား နေထိုင်နေရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။

တောထဲရောက်နေတာကြောင့် ပင်ပန်းခက်ခဲမှုတွေရှိပေမယ့်လည်း အားတင်းထားရင်းတိုက်ပွဲဝင်နေရတာပါ။ မကြာသေးခင်ကလည်း ဟင်းချက်ရင်း အဆိပ်ရှိတဲ့ ပဒူကောင်ကိုက်ခံရတာကြောင့် အဆိပ်ပြေဆေးထိုးပြီးနားခဲ့ရတာပါ။ အခြေအနေ အရပ်ရပ်ကြောင့် မိသားစုကို ခွဲခွာပြီး တိမ်းရှောင်နေရတဲ့အတွက် သီတင်းကျွတ်မှာတောင်မိသားစုနဲ့အတူ မရှိပေးနိုင်ခဲ့ပါဘူး။ အခုလည်း ကိုပေါက်ရဲ့ ဇနီးက မိသားစုတွေအတူမရှိဘဲ အဝေးမှာ တိမ်းရှောင်နေရတာ (၉)လကျော်ပြီဖြစ်ကြောင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။

မိသားစုနဲ့ခွဲနေရတာကြောင့် ကိုပေါက်ရဲ့ ဇနီးက ” 9 လ ကျော်ပီ 🥺🥺🥺 ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ သားလေးတွေလည်း အဖေကိုလွမ်း ဇနီးဖြစ်သူကလည်း ခင်ပွန်းကိုလွမ်း သူတို့မိသားစုအခြေနေလေးကတော့ ပရိသတ်တိုင်း စိတ်မကောင်းဖြစ်စေတာပါ။ ပရိတ်သတ်တွေကလည်း ကိုပေါက်တို့မိသားစုလေး အမြန်ပြန်ဆုံစည်းနိုင်ဖို့ကို ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို ရဲရဲရင့္ရင့္နဲ႔ အင္တိုက္အားတိုက္ျပဳလုပ္တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပါ။ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းပုန္းခိုေနရသူလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ မိသားစုဝင္မ်ားနဲ႔လည္း တစ္ကြဲတစ္ျပား ေနထိုင္ေနရတဲ့အတြက္လည္း စိတ္မေကာင္းျဖစ္ေနတာ ျဖစ္ပါတယ္။

ေတာထဲေရာက္ေနတာေၾကာင့္ ပင္ပန္းခက္ခဲမႈေတြရွိေပမယ့္လည္း အားတင္းထားရင္းတိုက္ပြဲဝင္ေနရတာပါ။ မၾကာေသးခင္ကလည္း ဟင္းခ်က္ရင္း အဆိပ္ရွိတဲ့ ပဒူေကာင္ကိုက္ခံရတာေၾကာင့္ အဆိပ္ေျပေဆးထိုးၿပီးနားခဲ့ရတာပါ။ အေျခအေန အရပ္ရပ္ေၾကာင့္ မိသားစုကို ခြဲခြာၿပီး တိမ္းေရွာင္ေနရတဲ့အတြက္ သီတင္းကြၽတ္မွာေတာင္မိသားစုနဲ႔အတူ မရွိေပးႏိုင္ခဲ့ပါဘူး။ အခုလည္း ကိုေပါက္ရဲ႕ ဇနီးက မိသားစုေတြအတူမရွိဘဲ အေဝးမွာ တိမ္းေရွာင္ေနရတာ (၉)လေက်ာ္ၿပီျဖစ္ေၾကာင္း ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္။

မိသားစုနဲ႔ခြဲေနရတာေၾကာင့္ ကိုေပါက္ရဲ႕ ဇနီးက ” 9 လ ေက်ာ္ပီ 🥺🥺🥺 ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ယက္ေပၚမွာ ေရးသားထားတာပဲျဖစ္ပါတယ္။ သားေလးေတြလည္း အေဖကိုလြမ္း ဇနီးျဖစ္သူကလည္း ခင္ပြန္းကိုလြမ္း သူတို႔မိသားစုအေျခေနေလးကေတာ့ ပရိသတ္တိုင္း စိတ္မေကာင္းျဖစ္ေစတာပါ။ ပရိတ္သတ္ေတြကလည္း ကိုေပါက္တို႔မိသားစုေလး အျမန္ျပန္ဆုံစည္းႏိုင္ဖို႔ကို ဆုေတာင္းေပးေနၾကတာပဲ ျဖစ္ပါတယ္။

Source : Htet Nini’s Facebook Acc